ဘီးလင်းတွင် ကျောင်းဆရာမ တစ်ဦးနှင့် ကလေးငယ်တစ်ဦး လက်နက်ကြီးကြောင့် သေဆုံး

ဘီးလင်းတွင် ကျောင်းဆရာမ တစ်ဦးနှင့် ကလေးငယ်တစ်ဦး လက်နက်ကြီးကြောင့် သေဆုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းဆရာမ တစ်ဦးနှင့် ၎င်း၏ကလေးငယ်တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ နတ်ကြီးစခန်းမှ အစူးချောင်းကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့်  လက်နက်ကြီးကြောင့် အစူးချောင်းကျေးရွာမှ အသက် (၂၅) နှစ်အရွယ် ကျောင်းဆရာမဖြစ်သူ နော်စန်းစန်းဝင်း(ခ)နော်အေးနှင့် သူမ၏  တစ်နှစ်ကျော်အရွယ် ကလေး သေဆုံးသွားခြင်း သည်။

“ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်တာ လက်နက်ကြီးတစ်လုံးက ဆရာမ အိမ်ဘေးမှာကျကွဲသွားတယ်။ ဆရာမ နဲ့ သူ့ကလေး ထိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အစူးချောင်းကျေးရွာထဲကို ဘီးလင်းမြို့နယ်အတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ (၄၀၄) တပ်၊ စကခ (၈) လက်အောက်ခံ ပူးပေါင်းတပ်များက (နတ်ကြီး) စခန်းဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းသည်ဟု KNU က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ နတ်ကြီးစခန်းက နယ်မြေခံ KNU တပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုမရှိပဲ ဒေသခံလူထုကို ပစ်မှတ်ထား ကာ လူနေထိုင်ရာကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း KNU က ထုတ် ပြန်ထားသည်။

ဇွန်လ ၂၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် လေးကေကျေးရွာတွင် စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ် စခန်းကို KNLA/KNDO ပူးပေါင်းတပ်ဖွဲ့တို့ သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က မင်းစောကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

လေးကေစခန်းဘက်မှ မင်းစောကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်လိုက်ခြင်းကြောင့် အသက် ၂၈ နှစ် အရွယ် အမျိုးသမီးတစ်ဦး ခြေထောက် လက်နက်ကြီးကျည် စထိမှန် ဒဏ်ရာရရှိခဲ့ပြီးနေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးသွားသည်ဟု သိရဥည်။

စစ်ကောင်စီတပ်ဘက် လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့် ဒေသခံ များ စိုးရိမ်ကြောက်လန့်နေကြသည်။ အချို့က စစ်ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးပုန်းရှောင်နေသူများ လည်း ရှိနေသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...