ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် UNFC တိုက်တွန်း

ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် UNFC တိုက်တွန်း
by -
မဇ္ဈိမ
ရှစ်လေးလုံး စိတ်ဓါတ်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ခရီးစဉ်ကို ဆက်လက်ချီတက် တိုက်ပွဲဝင်ကြရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) က တိုက်တွန်းလိုက်သည်။

ယနေ့ ကျရောက်သော (၂၉) ကြိမ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အတွက် UNFC မှ ပေးပို့သော သဝဏ်လွှာတွင် အထက်ပါအတိုင်း တိုက်တွန်းထားခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တိုင်းပြည်၏ အစိုးရနေရာတွင် ရယူထားသော်လည်း ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီစနစ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ရုပ်လုံးဖော်နိုင်ခြင်း မရှိသေးဟု UNFC ကဆိုသည်။

ယင်းအတွက်ကြောင့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး နှင့် ဒီမိုကရေစီရေးသည် တိုင်းရင်းသားများလိုလားသည့် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို အာမခံပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ   ပြည်ထောင်စုတည်ဆောက်ရေးနှင့် ထပ်တူကျနေခြင်းကြောင့် တိုင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်ရန် လိုအပ်သည်ဟု UNFC က ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရှစ်လေးလုံးလူထုအရေးတော်ပုံသည် လူမျိုးဘာသာ အသားရောင်မခွဲခြားဘဲ လူတန်းစားပေါင်းစုံပါဝင်သည့် လူထုညီညွတ်မှုအားကို အမြင့်မားဆုံး ပြသနိုင်ခဲ့သည့် သမိုင်းဝင်လှုပ်ရှားမှုကြီးဖြစ်ပြီး ယနေ့ထက်တိုင် ရှစ်လေးလုံးစိတ်ဓါတ်သည်လည်း မြန်မာ့ဒီမိုကရေစီတိုက်ပွဲနှင့် အတူ ခိုင်မာရှင်သန်နေဆဲဖြစ်ပြီး ရှစ်လေးလုံးစိတ်ဓာတ်ဖြင့် မပြီးပြတ်သေးသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဆက်လက်ချီတက် တိုက်ပွဲဝင်ကြရန် တိုက်တွန်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...