ဇိုတုန်နယ်မှ အရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ဇိုတုန်နယ်မှ အရပ်သားပြည်သူ ၂ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung ၏ လှုပ်ရှားနယ်မြေထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၆ ဦးကိုဖမ်းဆီးကာ ၎င်းတို့ထဲမှ ၂ ယောက်ကို သတ်ဖြတ်ခဲ့သည်ဟု CDF-Zotung က ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၄ ရက်နေ့ကစ၍ CDF-Zotung နယ်မြေထဲသို့ စစ်ကြောင်းထိုးလာပြီး အရပ်သားပြည်သူ ၆ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းကာ၊ လမ်းပြအဖြစ် အသုံးပြုခဲ့ပြီး ၎င်းတို့ထဲမှာ ဇိုတုန်နယ် အန်းတားကျေးရွာတွင်နေထိုင်သူ ဦးဝင်းလွင်စိုး (၂၈ နှစ်) နှင့် ဦးမြင့်မောင် (၅၅ နှစ်) တို့နှစ်ဦးကို ဇွန်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု CDF-Zotung က ထုတ်ပြန်သည်။

၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို ဇွန်လ ၁၈ နှင့် ၂၁ ရက်နေ့တို့တွင် ရှာဖွေတွေ့ရှိခဲ့ကြပြီး မီးသဂြိုလ်ပေးခဲ့ကြသည်ဟု CDF-Zotung ကဆိုသည်။

အန်းတားကျေးရွာသည် မကွေးတိုင်း ဂန့်ဂေါ်မြို့နယ်တွင်တည်ရှိသည့် ဇိုတုန်ရွာတစ်ရွာဖြစ်ပြီး ဂန့်ဂေါ်မြို့မှ မိုင် ၂၀ ခန့်ကွာဝေးသည်ဟု သိရသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...