ပြည်သူလူထုနှင့် CNO/CNDF အကြား သွေးကွဲစေရန် စစ်ကောင်စီကသွေးထိုးလုပ်ဆောင်နေဟုဆို

ပြည်သူလူထုနှင့် CNO/CNDF အကြား သွေးကွဲစေရန် စစ်ကောင်စီကသွေးထိုးလုပ်ဆောင်နေဟုဆို

ချင်းပြည်နယ် ဖလမ်းမြို့တွင် ပြည်သူလူထုနှင့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) အကြား အထင်မြင်လွဲမှားကာ သွေးကွဲစေရန်အတွက် စစ်ကောင်စီတပ်ဖွဲ့က နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့်ဇွန်လ ၁၅ ရက်နေ့ညက ဖလမ်းမြို့ ကျင်မွာလ်ရပ်ကွက်ရှိ အ.ထ.က (၂) ကျောင်းအနီးတွင် အသံမိုင်းခွဲကာ ပြည်သူလူထုအား အထိတ်တလန့်ဖြစ်စေခဲ့သည့်အပြင် "မိမိတို့၏ သားသမီးများ အလောင်း မကောက်လိုပါက ကျောင်းမထားကြနဲ့” ဟူသော ခြိမ်းခြောက်စာတစ်ချိူ့လည်း ကပ်ထားခဲ့ကြပြီး ယင်းလုပ်ရပ်သည် ချင်းလက်နက်ကိုင်တပ်ဖွဲ့ CNO/CNDF နှင့် ဖလမ်းမြို့ပြည်သူလူထုအကြား အထင်မြင်လွဲမှားစေရန် စစ်ကောင်စီဘက်က သွေးထိုးလုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ဇွန်လ ၂၀ ရက်နေ့ကထုတ်ပြန်သည်။

“အဲဒီ အသံမိုင်းခွဲလုပ်ဆောင်ချက်သည် ပြည်သူလူထုနှင့် CNO/CNDF အကြား အမြင်မှားစေရန်နှင့် သွေးခွဲရန်လုပ်ဆောင်သော စကစ၏ နည်းစနစ်သာဖြစ်သည်" ဟု ချင်းအမျိုးသားအဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ (၁၇) ရက် ည (၁၀:၀၀) နာရီခန့်အချိန်ကလည်း တလန်လိုရပ်ကွက်ရှိ အ.ထ.က (၃) ကျောင်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြသော စစ်ကောင်စီတပ်သားများ အချင်းချင်း ပစ်ခတ်မှုဖြစ်ခဲ့ကြရာ တပ်သားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရပါသည်။

ထို့နောက် စစ်ကောင်စီတပ်များသည် ချင်းကာကွယ်ရေးတပ်များနှင့် ပစ်ခတ်သယောင်ပြုကာ အနီးနားပတ်ဝန်းကျင်များအား ရမ်းသမ်းပစ်ခတ်ကာ ခလရ (၂၆၈) တပ်ထဲမှ ၁၂၂ မမဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြပါသည်။ အဆိုပါ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူတစ်ဦး လက်မောင်းတွင် ကျည်ထိဒဏ်ရာရရှိခဲ့ပြီး အိမ်တွင်းရှိပစ္စည်းတစ်ချို့ ပျက်စီး ဆုံးရှုံးခဲ့သည့်အပြင် ဘိုင်လာကျေးရွာ (Baila) ရှိ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဇွန်လ ၁၉ ရက်ည (၁၀) နာရီခန့်တွင်လည်း ဖလမ်းမြို့၊ တပ်ကုန်းမှ လက်နက်ကြီး (၅) ကြိမ်ခန့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။

CNO/CNDF အနေဖြင့် နိုင်ငံတကာ စစ်ဥပေဒေကိုလိုက်နာပြီး ကျောင်းသား/သူများနှင့် ကျောင်းအဆောက်ဦးများကို ထိခိုက်စေမည် မဟုတ်ကြောင်း အထက်ပါဖြစ်ရပ်များသည် စစ်ကောင်စီ၏ ပြည်သူလူထုနှင့် CNO/CNDF အကြား သွေးကွဲစေရန် သွေးထိုးလုပ်ဆောင်မှုသာဖြစ်ပါသည်ဟု CNO က ထုတ်ပြန်ထားသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...