မောင်တောဒေသအရေးအတွက် ရန်ကုန်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

မောင်တောဒေသအရေးအတွက် ရန်ကုန်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် မယူကမ်းဒေသတွင် လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ ရခိုင်လူမူအဖွဲ့အစည်းများသည် သြဂုတ် ၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။

၎င်းတွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဝေဋ္ဌုဝန်မြောက်ရပ်ကွက်ရှိ ရခိုင်အမျိုးသားကွန်ရက်ရုံးတွင် ပြုလုပ်ခဲ့သည်။

ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က “ အဓိက အားဖြင့် လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွေကို ရန်ကုန်ရှိ ရခိုင်လူမှုအဖွဲ့အစည်းအနေများ အနေနဲ့ဘယ်လို ပံ့ပိုးနိုင်မလဲ။ ဘယ်လို နည်းလမ်းတွေနဲ့ ကူညီနိုင်မလဲဆိုတာကို ဆွေးနွေးကြတာပါ” ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဆုံးဖြတ်ချက် ရခိုင်မှာဖြစ်နေသည့် ယခုဖြစ်ပွားနေသည့် ပြသနာမှာ ရခိုင်ပြည်နယ် ပြသနာတစ်ခုမဟုတ်ဘဲ ပြည်ထောင်စုပြသနာဖြစ်ကြောင်း၊ နယ်စပ် အရေးပေါ်စီမံကိန်း ဥပဒေထုတ်ပြီး တားဆီးရန် အစိုးရနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနများကို တိုက်တွန်းသွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု သိရသည်။

၎င်းပြင် ရန်ကုန်ရှိ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ အနေဖြင့် ရခိုင်အရေး တက်ကြွ လှုပ်ရှား နေသူများနှင့် စစ်တွေတွင် တွေ့ဆုံမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း၊ ၎င်းပြင် အကြမ်းဖက်ခံနေရသည့် ရခိုင်တိုင်းရင်းသား ကျေးရွာများထိ သွားရောက်တွေ့ဆုံမည် ဖြစ်ကြောင်း ၊အပြန်တွင် ရခို်င်ပြည်နယ် အစိုးရကို ထပ်မံတိုက်တွန်း သွားမည်ဖြစ်ကြောင်း ဦးကျော်ထူးအောင်က ပြောကြားသည်။

“ ဒါ့အပြင် နောက်အပတ် တနင်္ဂနွေနေ့မှာ မင်္ဂလာဒုံရှိတဲ့ ရခိုင်မိသားစုတွေနဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံပွဲတွေကို စဉ်ဆက်မပြတ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ယခုလုပ်ငန်းက ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်တော့ ရခိုင်အမျိုးသားတွေအားလုံး ၀ိုင်းဝန်းပါ၀င်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်ထူးအောင်က ပြောဆိုသည်။

ရန်ကုန်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲသို့ အဖွဲ့အစည်းပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ် ၃၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...