ယခုကဲ့သို့ ဖော်ပြခြင်းမျိုးကို မပြုလုပ်သင့်ကြောင်း၊ ယခုကဲ့သို့ ဓာတ်ပုံ ဖော်ပြခြင်းမှာ ၁၆ ကုဋေ ( သန်း ၁၆၀) ရှိသော ဘင်္ဂလာဒေ့ရှ်ပြည်သူများကို အမျက်ဒေါသ ဖြစ်ပေါ်စေကြောင်း ၊ ယခုကဲ့သို့ ချည်နှောင်ထားခြင်းမှာ ဘင်္ဂလာဒေ့ရှ် လူပေါင်း ၁၆ ကုဋေကို ချည်နှောင်ထားသလို ခံစားရကြောင်း ရေးသားမှုများကိုလည်း ‘হাতকড়া ১৬ কোটি মানুষের হাতে’ တွင် ဖော်ပြခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် နတ်မြစ်အတွင်းရှိ ရေတွင်းကျွန်း (ရေတွင်းပြင်) အနီးတွင် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားရာမှ ဘင်္ဂလာဒေရှ့်မှ ဗိုလ်အဆင့်ရှိသူ Nayek Abdur Razzak ကို လက်နက် ခဲယမ်းများနှင့်အတူ မြန်မာဘက်က ဖမ်းဆီးမိခဲ့ပြီး နောက်ထပ် ဘင်္ဂလာဒေ့ရှ်မှ တပ်သား တစ်ဦးဖြစ်သူ ဘီးပလု ကူမာရ်မှာ ဒဏ်ရာရရှိခဲ့၍ ကော့စ်ဘဇား ဆေးရုံကို တင်ပို့ခဲ့သည်။
မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများသို့ ဇွန်လ ၁၇ ရက်နေ့က တစ်ကြိမ်၊ ဇွန်လ ၁၈ ရက်နေ့က တစ်ကြိမ် ၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းမပြန်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
မြန်မာ အစိုးရသည် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အား လွဲပြောင်းမပေးသည်သာမက ယခုအခါ တရားမဝင် ကျူးကျော်ဝင်ရောက်မှုဖြင့် တရားစွဲဆိုရန် စီစဉ်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့အား ဖမ်းဆီးခံထားရသော တပ်ဖွဲ့ တစ်ဦးကိစ္စ ဆွေးနွေးရန် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့အား အကြောင်းကြားရာတွင် မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာမှ အကြောင်းကြားစာ မလာသေးဟု ဆိုကာ တွေ့ဆုံရန် ငြင်းဆိုနေကြောင်း လည်း သတင်းတွင် ဖော်ပြထားသည်။
တက်ကနက် အခြေစိုက် ဘီဂျီဘီ တပ်ရင်းမှူးမှ ဖမ်းဆီးခံထားရသူ Nayek Abdur Razzak နှင့် ဖုန်းမှတဆင့် စကားပြောလိုကြောင်း မြန်မာ နယ်စပ်တာဝန်ရှိသူများအား အကြောင်းကြားရာ တရားခံနှင့် စကားပြောခွင့် မရှိဟု ဆိုကာ မြန်မာဘက် က ငြင်းဆိုခဲ့သည်ဟုဆိုသည်။
တစ်ခြား ဘင်္ဂလာဒေ့ရှ် သတင်းတစ်ပုဒ်တွင် ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်အား ဇွန်လ ၁၈ ရက်နေ့က ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးရုံးမှ ဆင့်ခေါ်ခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားသော ဘင်္ဂလာ နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ် Nayek Abdur Razzak ကို အမြန်ဆုံး ပြန်လည် လွဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြသည်။
လက်ရှိ အတိုက်အခံ ပါတီ BNP မှ Nayek Abdur Razzak ပြန်လွှတ်ရေးအတွက် လက်ရှိ အစိုးရ၏ သံတမန်နည်းအရ ကြိုးပမ်းမှုမှာ လုံလောက်မှု မရှိဟု ဆိုကာ ပြစ်တင် ဝေဖန်ထားသည်။







