ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN ခေါင်းဆောင်များ တရားဝင်တွေ့ဆုံုမည်

ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPN ခေါင်းဆောင်များ တရားဝင်တွေ့ဆုံုမည်
by -
သတင်းနှင့် မီဒီယာကွန်ရက်
သြဂုုတ်လ ၅ ရက်နေ့ အစိုုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ နှင့် နိုု်င်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် DPN အဖွဲ့တိုု့၏ တတိယအကြိမ် အလွတ်သဘော ညှိနှိုင်းအစည်းအဝေးကိုု ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ FURAMA Hotel တွင် သြဂုုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့မှတင်ပြထားသည့် အချက် ၈ ချက်၏ ပြေလည်မှုမရရှိသေးသော ကိစ္စများကိုု ဆွေးနွေးခဲ့ပြီး အစိုုးရငြိမ်းချမ်းရေး ကော်မရှင်ဖက်မှ NCA သဘောတူစာချူပ် အမြန်ဆုံုးလက်မှတ်ရေးထိုုးနိုုင်ရေး ကိစ္စများကိုု အဓိကဆွေးနွေးခဲ့ကြသည်ဟုု သိရသည်။ နှစ်ဖက်ဆွေးနွေးမှုအရ အစိုုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့နှင့် ဆဌမအကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲကျင်းပနိုုင်ရေးအတွက် သြဂုုတ်လ ၁၀ ရက်နေ့တွင် ရန်ကုုန်မြို့၌ ကျင်းပရန် ခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟုု ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ အကြံပေးအရာရှိ ဦးလှမောင်ရွှေ့ က သတင်းထောက်များကိုု ပြောဆိုုသည်။ ကျနော်တိုု့ဘက်က ပြောလိုု့ရတာတော့ ဇူလိုုင်လ ၂၀ ရက်နေ့က အလွတ်သဘော ဆွေးနွေးပွဲထက်တော့ ကျနော်တိုု့ အများကြီး ဒီမှာ ညှိနှိုင်းပြီးလိုု့ရတယ်။ တိုုးတက်မှုတွေ အများကြီး ရှိတယ် လာမည့် သြဂုုတ်လ ၁၀ ၁၁ အဲ့ နှစ်ရက် မှာ ကျနော်တိုု့ရန်ကုုန်မှာ DPN နဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ၆ ကြိမ်မြောက် ကျနော်တိုု့ တရားဝင် ဆွေးနွေးတွေ ဆွေးနွေးသွားမယ် ။ ကျနော်တိုု့ရဲ့ ရည်ရွယ်ချက်ကတော့ NCA လက်မှတ်ရေးထိုုး နုုိင်ပြီးတော့ လာမည့်ကျနော်တိုု့ ညီလာခံမှာ ဒီ DPN UNFC ကအဖွဲ့ဝင်တွေ တက်ရောက်နိုုင်ဖိုု့ အဓိကထားပြီးတော့ ညှိနှိုင်းတဲ့အတွက် ဒီနေ့ဆွေးနွေးရတာလည်း ကျနော်တိုု့အတွက်တော့ အားရတယ် ပွင့်ပွင့်လင်းလင်းလည်း ပိုုရှိတယ် ပိုုပြီးတော့လည်း နည်းလမ်းတွေ နီးစပ်လာတယ်လိုု့ ကျနော်တိုု့ဖက်က တင်ပြလိုုတယ်။ အစည်းအဝေးတွင် အစိုုးရငြိမ်းချမ်းရေးကော်မရှင်မှ တစ်နိုုင်ငံလုံုးပစ်ခတ်တိုုက်ခိုုက်မှုု ရပ်စဲရေးသဘောတူစာချူပ်လက်မှတ်ရေးထိုုးခဲ့သည့် အောက်တိုုဘာလ ၁၅ ရက်နေ့ဖြစ်သည့် ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ညီညွတ်သောတိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များအနေဖြင့် NCA လက်မှတ်ရေးထုုိးရန် တိုုက်တွန်းပြောဆိုုခဲ့သည်ဟုု အမည်မဖော်လိုုသည့် အစည်းအဝေးတက်ရောက်သူတစ်ဦးက ပြောဆိုုသည်။ ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ အနေဖြင့် ယခုုအစည်းအဝေးမှ ဆွေးနွေးမှုရလာဒ်များအပေါ် ဆဌမအကြိမ် တရားဝင် အစည်းအဝေးတွင် ထပ်မံညှိနှိုင်းသွားမှာဖြစ်ပြီး အဆိုုပြုတင်ပြထားသည့် အချက်များ ခိုုင်မာမှု ရရှိလျှင် NCA လက်မှတ်ရေးထိုုးကြမှာဖြစ်တယ်ဟုု ပြောရေးဆိုုခွင့်ရှိသူ ဦးထွန်းဇော် မှ ပြောသည်။ အဓိကက ကျွန်တော်တို့ အဆိုပြုထားတဲ့ NCA အဆိုပြုချက် ၈ ချက်နဲ့ ပတ်သက်ပြီး တရား ၀င်ဆွေးနွေးရင် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ အခုက ကျန်နေတဲ့ အပိုင်းတွေ ရှိနေတယ်။ မူဘောင်ပြန်လည် သုံးသပ်တာတို့၊ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည်ရေးယန္တယား (JMC) ကို ခိုင်မာအောင် လုပ်တဲ့အခါမှာ ဘယ်လိုလုပ်သွားမလဲ။ ဒါတွေကို ညှိနှိုင်းဖို့ ကျန်ပါသေးတယ်။ ဒီအချက်တွေက NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ လုပ်ရမယ့်အပိုင်းနဲ့ NCA လက်မှတ်မထိုးခင် လုပ်ရမယ့်အပိုင်းတွေ ရှိနေပါတယ်။ အစိုးရက NCA လက်မှတ်မြန်မြန်ထိုးပြီး NCA လမ်းကြောင်းပေါ်ကနေ အတူတကွတွေ့ဆုံဆွေးနွေး မှုမျိုးဖြစ် ချင်တယ်။ အစိုးရအနေနဲ့ NCA ကို အမြန်လက်မှတ်ရေးထိုးဖို့ ဆိုပေမဲ့ ကျွန်တော်တို့ အဆိုပြုထားတဲ့ အချက် ၈ ချက်ကို ပြေလည်အောင်ညှိနိုင်ဖို့ လိုပါတယ်။ အဲ့ဒီတော့မှ NCA လက်မှတ် ရေးထိုးတဲ့ အဆင့်ကို တက်နိုင်မှာပါ။ ကျွန်တော်တို့ အဆိုပြုချက်က ညှိနှိုင်းသဘောတူညီချက် ရတယ်ဆိုရင် နံပါတ် ၉ အချက်က NCA လက်မှတ်ရေးထိုးဖို့ ဖြစ်တယ်။ အချက် ၈ ချက်က လည်း ဥပဒေကြောင်းက ခိုင်လုံတဲ့ အကျိုးသက်ရောက်မှုရှိတဲ့ အနေအထားသဘောတူညီမှုရမှ NCA လက်မှတ် ထိုးမှာ ဖြစ်ပါတယ်။ တိုုင်းရင်းသား လက်နက်ကိုု်င် တော်လှန်ရေး အဖွဲ့နှင့် ကျင်းပခဲ့သည့် အစည်းအဝေးတွင် အစိုုးရ ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့မှ အတွင်းရေးမှူး အငြိမ်းစား ဗုုိလ်ချူပ်ကြီး ခင်ဇော်ဦး ဦးဆောင်၍ ဦးအောင်ကြည်၊ ဦးအောင်စိုုး၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦး နှင့် ဦးကျော်လင်းဦး တိုု့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဗိုုလ်ချူပ်ကြီး ခင်ဇော်ဦး က အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုဆိုပေမဲ့ အမြင်ချင်းကို တော်တော်လေး ဖလှယ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ နည်းတွေကို စဉ်းစားပြီးတော့မှ ဆောင်ရွက်လာခဲ့ကြတဲ့ အခါမှာ မကြာမီကျင်းပမဲ့ ဆဋ္ဌမအကြိမ် အစည်းအဝေး အောင်မြင်မှုအတွက် များစွာအထောက် အကူပြုမယ်လို့ ယုံကြည်ပါတယ်။ မတွေ့ဆုံခင် ပြန်ပြီးတော့ ဆွေးနွေးရမယ့် အရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့သေးစိတ်ကို စဉ်စားတွေးခေါ်ပြီးမှ အတတ်နိုင်ဆုံး အပေါင်းလက္ခဏာ ဆောင်တဲ့အဖြေတွေရနိုင်အောင် နည်းလမ်းတွေရှာပါမယ်။ အလားတူပဲ ဆရာခူဦးရယ်တို့ ဘက်ကလည်း အချက်တွေနဲ့ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ခဲ့ဖို့လည်း တိုက်တွန်းလိုပါတယ်။ ဟုု ပြောဆိုုခဲ့သည်။ ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်၍ ဒုုအဖွဲ့ခေါင်းဆောင် နိုုင်အောင်မငေး၊ ဗိုုလ်မှူးကြီး ဆေအွန်၊ ဗိုုလ်မှူးကြီး ဟတ်ဟန်၊ ဗုုိလ်မှူးကြီး မင်းထွန်း၊ ဒေါ်နာဗစ်ဘွန်၊ ဦးထွန်းဇော် နှင့် ရုံုးအဖွဲ့မှူး မိမရာမိုု တိုု့ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...