The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကျပ်သိန်းတစ်ရာဖြင့် အာမခံရ

The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကျပ်သိန်းတစ်ရာဖြင့် အာမခံရ
by -
မဇ္ဈိမ
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တပ်မတော်က တရားလို့ပြုကာ တရားစွဲဆိုခြင်းကို ခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဗဟန်းမြို့နယ် တရားရုံးမှ ငွေကျပ် သိန်းတစ်ရာဖြင့် အာမခံပေးလိုက်ကြောင်း အမှုဆောင်အယ်ဒီတာ ဦးအောင်စိုးက မဇ္စျိမသို့ပြောသည်။

“ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၇/၁ အရပဲအာမခံလျောက်ထားပါတယ်။ အဲ့ဒါကို သိန်း ၁၀၀ နဲ့အာမခံပေးလိုက်ပါတယ်။ နဝမ အကြိမ်မြောက်လျှောက်ထားတာပါ"ဟု ၎င်းကပြောဆိုသည်။

မတ်လ ၂၆ ရက်ထုတ် The Voice နေ့စဉ်သတင်းစာတွင် ဖော်ပြပါရှိသည့် ကျည်ထောင်စုသစ္စာ အမည်ရ သရော်စာဆောင်းပါးသည် တပ်မတော်အပေါ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည်ဟုဆိုကာ The Voice နေ့စဉ်ထုတ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့အား ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုပြုလုပ်၍ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ဇွန်လ ၁၆ ရက် ဒုတိယအကြိမ် ရုံးထုတ်ချိန်တွင် ကျည်ထောင်စုသစ္စာ သရော်စာဆောင်းပါးကို ရေးသားသော ဗြိတိသျှ ကိုကိုမောင်ကို ပုံနှိပ်မီဒီယာတွင်သာ ရေးသားသောကြောင့် အမှုနှင့် သက်ဆိုင်မှုမရှိဟုဆိုသော ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ မှတ်ချက်ဖြင့် တရားသေလွှတ်ခဲ့ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ဆက်လက်တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...