ပြည်ခရိုင်ရှိလမ်းဘေး ဓါတ်ဆီဆိုင်ငယ်များ ဖမ်းဆီးခံရ

ပြည်ခရိုင်ရှိလမ်းဘေး ဓါတ်ဆီဆိုင်ငယ်များ ဖမ်းဆီးခံရ

ပြည်ခရိုင်အတွင်းရှိ  မြို့နယ်အချို့တွင် လမ်းဘေးလက်လီရောင်းချနေသည့် ဓာတ်ဆီဆိုင်များအပါအဝင် စက် သုံးဆီရောင်းချသည့်ဆိုင်များကို ရဲတပ်ဖွဲ့က ဖမ်းဆီးမှုများ စတင်ပြုလုပ်နေသည်ဟု  ဒေသခံများက ပြောသည်။

ဇွန်လ ဒုတိယအပတ်မှစတင်၍ ပြည်မြို့နယ်နှင့် ပေါင်းတလည်မြို့ရှိ လမ်းဘေးဓာတ်ဆီဆိုင်အချို့ကို ဝင်ရောက် စစ်ဆေးပြီးလုပ်ငန်း လိုင်စင် မရှိဟုဆိုကာ ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် ဓာတ်ဆီများကိုပါ သိမ်းဆည်းသွား သည် ဟု သိရသည်။

“ဖမ်းသွားတာ ဟုတ်တယ်။ ပေါင်းတလည်က နှစ်ဆိုင်ဖမ်းခံရတယ်။ ဆိုင်တိုင်းဖမ်းတာတော့ မဟုတ်ဘူး။ ပေါင်း တလည်မှာကတော့ စက်သုံးဆီ အမျိုးစားအကုန်ရတဲ့ ပန့်ဆိုင်အကြီးက ၂ဆိုင်ပဲရှိတယ်” ဟု ပေါင်းတလည်မြို့ခံ အသက် ၄၀ အရွယ်အမျိုးသား တစ်ဦးက ပြောသည်။

လမ်းဘေးတွင် ရောင်းချနေသည့် ဓာတ်ဆီဆိုင်များကို ဖမ်းဆီးမှုလုပ်နေပြီဆိုသည့် သတင်းများကြောင့် လမ်း ဘေး ဓာတ်ဆီ အရောင်းဆိုင်ငယ်အချို့က အရောင်းရပ်ထားခြင်းသည်ဟု သိရသည်။

သို့သော် အချို့သော ဆိုင်အနည်းက ဖွင့်လှစ်ရောင်းချနေဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြည်မြို့တွင် ဇွန်လ ၁၁ ရက်နေ့ မတိုင်ခင်ခင်ရက်များက စတင်ဖမ်းဆီးမှုများရှိခဲ့ပြီး ရွှေဆံတော်ဘုရား အနောက် ဘက် စောင်းတန်းလမ်းဘေးအနီးက ဓါတ်ဆီဆိုင်များကို လိုင်စင်ဝင်စစ်ကာ ဆီများအကုန်သိမ်းသွားဟု ပြည်မြို့ခံ အချို့က ပြောသည်။

“ဆိုင်တွေကိုလဲ ပိတ်ခိုင်းသွားတယ်လို့ ကြားတယ်။ ရောင်းတဲ့သူလည်း ရောင်းနေတုန်းပဲ။ လမ်းဘေးရောင်းတာ တော့ လိုင်စင်က ဘယ်သူမှမရှိဘူး” ဟု အသက် ၂၀ အမျိုးသမီးတစ်ဦး က ပြောသည်။

လက်ရှိတွင် ပြည်မြို့နှင့် ပေါင်းတလည်မြို့တို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် 92 တစ်လီတာလျှင် ကျပ် ၂၅၀၀ နီးပါး အထိရှိနေပြီး လက်လီရောင်းချနေသူများက 92 တစ်လီတာအား ကျပ် ၂၈၀၀ နီးပါးအထိ ရောင်းချမှုရှိ သည်ဟု သိရသည်။

ပြည်မြို့တွင် စက်သုံးဆီ ပြတ်သည်ဟုဆိုကာ ပိတ်ထားသည့် စက်သုံးဆီအရောင်းဆိုင်ကြီး အချို့ရှိသကဲ့သို့  ဖွင့် ထားသည့် အရောင်းဆိုင်ကြီးအချို့ကလည်း ဝယ်သူများအား လိုသလောက်ရောင်းချပေးနိုင်ခြင်းမျိုး မရှိဘူး ဟု မြို့ခံများက ဆိုသည်။

ပြည်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီးများပင် ပေပါပုံးဖြင့်ရောင်းချခြင်းမျိုးကို ရပ်ထားသည်ဟု သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...