တီးတိန်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

တီးတိန်မြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

ချင်းပြည်နယ် တီးတိန်မြို့တွင် ယမန်နေ့ ဇွန်လ ၁၂ ရက်ည ၉ နာရီကစ၍ ည ၁၀ နာရီအချိန်အထိ မြို့တွင်း ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်းဆုံး လူနေအိမ် ၄ လုံးထိခိုက်ဖျက်စီးခဲ့သည်ဟု တီးတိန်မြို့ခံတစ်ဦးက ပြောသည်။

“မနေ့ညကတော့ သေလုနီးပါးပဲ တစ်နာရီလောက်ကြတယ်။ လူထိခိုက်တော့ အခုအချိန်ထိ မသိရသေးဘူး။ ဒါပေမယ့် အိမ်တော့တော်တော်လေးထိခိုက်တယ် သူတို့က (စစ်ကောင်စီ) အမြောက်နဲ့ပစ်တာကိုး။ အိမ်ထိတာ ကတော့လေးအိမ်၊ ငါးအိမ်လောက်တော့ထိမယ်။ တချို့အိမ် တွေကတော့ အိမ်ရှေ့မှာ ကွဲတာအိမ်တိုက်ရိုက်မ ထိပဲနဲ့ အစအနတွေကြောင့်မှန်ကွဲတာ၊ ပြတင်းပေါက်တွေထိ တာရှိတယ်။ တလုံးဆိုရင်မပေါက်လို့ ပေါက်ရင် တော့ အဲ့အိမ်ပြာကျလောက်တယ် အိမ်ရှေ့မှာ ထိုးကျပြီးတော့ မြေကြီးထဲမှာ စိုက်တာမပေါက်ဘူး။” ဟု တီးတိန်မြို့ခံတစ်ဦးကပြောသည်။

ယမန်နေ့ညက တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ၊ ရဲစခန်းနှင့် အ.ထ.က (၁) စာသင်ကျောင်းတို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ တပ်က မြို့ထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့တွင်လည်း ယမန်နေ့ညက မြို့တွင်းတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဇလပ် ရပ်ကွက်တို့တွင် လက်နက်ကြီးကျည် ရောက်ပေါက်ကွဲပြီး နေအိမ်များထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသော်လည်း အသေးစိတ်မသိရသေးပေ။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...