မော်လမြိုင်တွင် WHO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မော်လမြိုင်တွင် WHO ဝန်ထမ်းတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်း အမျိုးသားတစ်ဦး ဇွန်လ ၈ ရက်နေ့ ညနေပိုင်းတွင် အမည်မသိအမျိုးသားတစ်ဦးမှ သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးခဲ့ကြောင်း အဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

သေဆုံးသူမှာ မော်လမြိုင်မြို့မှ ဦးမျိုးမင်းထွဋ်ဖြစ်ပြီး WHO တွင် ငါးနှစ်နီးပါး ကားဒရိုက်ဘာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ ရုံးဆင်းချိန် နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်စဥ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း WHO ဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ရုံးဆင်းတော့ သူပြန်သွားတာ။ နောက်ပြီး ညနေကြတော့ သူ့သတင်း ကြားတော့တာပဲ။ သေနတ်နဲ့အပစ်ခံရတယ်ဆိုလို့ ကျွန်တော်တို့သွားတာ။ရောက်တော့ အသက်မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။

ဦးမျိုးမင်းထွဋ်သည် စစ်တပ်သတင်းပေးလုပ်သည့်အပြင် သက်ငယ်မုဒိမ်းကျူးလွန်ကာ ခြိမ်းခြောက်မှုများရှိနေသည့်အတွက် မော်လမြိုင် PDF က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ချက်ပါအချက်များကို သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် သံလွင်ဥယာဥ်အနီးတစ်ဝိုက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူအချို့ရှိကြောင်း ဒေသခံများက ဆိုသည်။

ဦးမျိုးမင်းထွဋ်သည် မော်လမြိုင်မြို့ တောင်ပေါ်တန်းအဆင်း သံလွင်ဥယျာဥ် အနောက်ဘက် လမ်းကြားတွင် အပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံးခြင်းမှာ မှန်ကန်ကြောင်းနှင့် မိသားစုနှင့်ထပ်တူဝမ်းနည်းရကြောင်း WHO က ထုတ်ပြန်ထားသည်။

 

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...