ကြံ့ခိုင်ရေးခရိုင်ဥက္ကဋ္ဌ မင်းပြားမြို့နယ်စည်ပင် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရ

ကြံ့ခိုင်ရေးခရိုင်ဥက္ကဋ္ဌ မင်းပြားမြို့နယ်စည်ပင် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၏ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌသစ်ရွေးချယ်ပွဲကို သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြောက်ဦးခရိုင်ဥက္ကဋ္ဌ ဦးသခင်ချို အရွေးချယ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

မင်းပြားမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ နေရာအား ဦးကျော်ဆန်း၊ ဦးမောင်ဘတင်၊ ဦးသခင်ချို၊ ဦးဘုမောင်ချေနှင့် ဦးအောင်ကျော်ထွန်း တို့က ၀င်ရောက် အရွေးခံခဲ့ကြခြင်းဖြစ်သည်။

“ရပ်ကွက်ကိုယ်စားပြုတဲ့ လူ ၄၅ ယောက်က မဲပေးတဲ့အခါမှာ ဦးသခင်ချိုက ၂၅ မဲ၊ “ဇ” ဖောင်ဒေးရှင်းက ဦးကျော်ဆန်းက ရ မဲ၊ ဦးအောင်ကျော်ထွန်း အငြိမ်းစားကျောင်းဆရာက ရ မဲ အသီးသီး ရရှိပြီးတော့ ဦးသခင်ချိုက အနိုင်ရရှိသွားခြင်းဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဇံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့တွင် ရပ်ကွက် ၉ ခုရှိပြီး ရပ်ကွက်တစ်ခုစီမှ ကိုယ်စားပြု ၅ ဦးစီကို ရွေးချယ်ပြီး၊ အဆိုပါ ကိုယ်စားလှယ်များက စည်ပင်ဥက္ကဋ္ဌ အရွေးချယ်ခံသူများကို မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ယခုရွေးချယ်လိုက်သော မင်းပြားမြို့နယ် စည်ပင်ကော်သာယာရေးကော်မတီတွင် ဦးသခင်ချိုက ဥက္ကဋ္ဌ ဖြစ်ပြီး၊ ဦးမောင်သိန်းကျော်၊ ဦးအောင်ကြည်လင်းနှင့် ဦးအေးကျော်ဆန်းတို့သည် အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

စည်ပင်ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံရသည့် ဦးသခင်ချိုသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...