ကြံ့ခိုင်ရေးခရိုင်ဥက္ကဋ္ဌ မင်းပြားမြို့နယ်စည်ပင် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရ

ကြံ့ခိုင်ရေးခရိုင်ဥက္ကဋ္ဌ မင်းပြားမြို့နယ်စည်ပင် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၏ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌသစ်ရွေးချယ်ပွဲကို သြဂုတ်လ ၂ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြောက်ဦးခရိုင်ဥက္ကဋ္ဌ ဦးသခင်ချို အရွေးချယ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

မင်းပြားမြို့ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ နေရာအား ဦးကျော်ဆန်း၊ ဦးမောင်ဘတင်၊ ဦးသခင်ချို၊ ဦးဘုမောင်ချေနှင့် ဦးအောင်ကျော်ထွန်း တို့က ၀င်ရောက် အရွေးခံခဲ့ကြခြင်းဖြစ်သည်။

“ရပ်ကွက်ကိုယ်စားပြုတဲ့ လူ ၄၅ ယောက်က မဲပေးတဲ့အခါမှာ ဦးသခင်ချိုက ၂၅ မဲ၊ “ဇ” ဖောင်ဒေးရှင်းက ဦးကျော်ဆန်းက ရ မဲ၊ ဦးအောင်ကျော်ထွန်း အငြိမ်းစားကျောင်းဆရာက ရ မဲ အသီးသီး ရရှိပြီးတော့ ဦးသခင်ချိုက အနိုင်ရရှိသွားခြင်းဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ် ပြန်ကြားရေးတာဝန်ခံ ဦးသိန်းဇံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့တွင် ရပ်ကွက် ၉ ခုရှိပြီး ရပ်ကွက်တစ်ခုစီမှ ကိုယ်စားပြု ၅ ဦးစီကို ရွေးချယ်ပြီး၊ အဆိုပါ ကိုယ်စားလှယ်များက စည်ပင်ဥက္ကဋ္ဌ အရွေးချယ်ခံသူများကို မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ယခုရွေးချယ်လိုက်သော မင်းပြားမြို့နယ် စည်ပင်ကော်သာယာရေးကော်မတီတွင် ဦးသခင်ချိုက ဥက္ကဋ္ဌ ဖြစ်ပြီး၊ ဦးမောင်သိန်းကျော်၊ ဦးအောင်ကြည်လင်းနှင့် ဦးအေးကျော်ဆန်းတို့သည် အဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

စည်ပင်ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံရသည့် ဦးသခင်ချိုသည် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မင်းပြားမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...