မယူကမ်း ကျောက်ရန်နှင့် သိမ်တောင်ရွာမှ မွေးမြူရေးနှင့် စိုက်ပျိုးရေးခြံများကို မသမာသူများ ၀င်ရောက်ဖျက်ဆီး

မယူကမ်း ကျောက်ရန်နှင့် သိမ်တောင်ရွာမှ မွေးမြူရေးနှင့် စိုက်ပျိုးရေးခြံများကို မသမာသူများ ၀င်ရောက်ဖျက်ဆီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း စေတီပြင်တိုက်နယ် ကျောက်ရန်ရွာနှင့် သိမ်တောင်ရွာမှ ရွာပြင်တွင် မွေးမြူထားသော ကြက်ခြံနှင့် စိုက်ပျိုးရေးခြံများကို သြဂတ်စ် ၁ ရက်နေ့ ညဥ့်အချိန်တွင် မသာမာသူများ ၀င်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

“ ညဥ့်ဘယ် အချိန်မှာ ၀င်ရောက် ဖျက်ဆီးသွားတယ်ဆိုတာကို မသိရဘူး။ မနက်လင်းတော့ ဇော်ဇော်ဦးပိုင် ကြက်ကောင် တစ်ဆယ်ကျော်နဲ့ ဆိတ်တစ်ကောင် လည်ပင်းလှီးသွားတယ်။ ကြက်တွေကို လည်လှီးပြီး ယူသွားပါတယ်” ဟု ကျောက်ရန်ရွာသား မောင်သိန်းစိုး နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ဇော်ဇော်ဦး မွေးမြူရေးခြံမှာ ကျောက်ရန်ရွာ၏ အနောက်ဘက် လေးငါးဖာလုံ အကွာအဝေးတွင် ရှိပြီး ညဥ့်အချိန် ခြံတွင် လူမအိပ်ဘဲ ရွာကို ပြန်အိပ်ကြောင်း၊ ညဉ့်အချိန်ဝင်ရောက်ပြီး ကြက်များကို သတ်ဖြတ်ပြီး စိုက်ခင်းများကိုလည်း ဖျက်ဆီးသွားခဲ့ကြောင်း သူက
ပြောဆိုသည်။

သိန်တောင်ရွာတွင်လည်း အလားတူ ဖျက်ဆီးခံရမှုများရှိခဲ့သဖြင့် ဆက်သွယ်မေးမြန်းရာရပ်ရွာ လူကြီးက “ ဟုတ်ပါတယ်။ ရွာက အဖိုး ဦးဖြူသာလှ ခြံက ကြက် ရ ကောင်ကို သတ်သွားပါတယ်။ နွားတစ်ကောင်ကိုလည်း ဆွဲယူသွားပါတယ်။ ဒါပေမယ့် နွားကို ပြန်ရပါတယ်” ဟု ပြောသည်။

အဆိုပါလုပ်ရပ်များကို ကျူးလွန်သူများမှာ အနီးအနားရှိ ချင်းရွာက ဘင်္ဂလီများ ဖြစ်နိုင်ကြောင်း၊ သပြေတောမှ ဘင်္ဂလီရွာသားများလည်း ဖြစ်နိုင်ကြောင်း ၎င်းရပ်ရွာလူကြီးမှ ပြောကြားသည်။

၎င်းကိစ္စနှင့် ပတ်သက်ပြီး ယနေ့နေ့လယ်က စေတီပြင်နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ယူသွားသည်ဟု ဆိုသည်။

“ စစ်ဆေးပြီး မှတ်တမ်း ဓာတ်ပုံ ယူသွားတာလောက်ပါ။ ဖမ်းတာဆီးတာ မရှိပါဘူး။ အခုချင်းရွာက ဘင်္ဂလီတွေ စက်တပ်လှေတွေနဲ့ ချောင်းထဲမှာ သွားနေတာတောင် ခေါ်ယူ မေးမြန်းတာမျိုး မရှိပါဘူး” ဟု ပြောကြားသည်။

စေတီပြင် နယ်ခြားစောင့် စခန်းသို့ မေးမြန်းရာ ရဲတပ်ကြပ်ကြီးတစ်ဦးက သူတို့တွင် မီဒီယာသို့ ပြောပိုင်ခွင့်မရှိကြောင်း ပြောကြားသည်။

ယခုကဲ့သို့ အခြေအနေများ ဖြစ်ပေါ်နေသဖြင် စေတီပြင်၊ ချွတ်ပြင်၊ မော်ထက်၊ ကျောက်ရန်၊ သိမ်တောင်၊ ဖက်လိပ် စသည့် ကျေးရွာများတွင် ညဥ့်အချိန်တွင် ရွာသားများမှ ကင်းယူပြီး စောင့်ကြပ်နေရသည်ဟု သိရသည်။

လောလောဆယ်တွင် စေတီပြင်နယ်မြေတွင် ပြင်ပဒေသမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များရောက်ရှိနေပြီး လုံခြံုရေးကို တိုးချဲ့ချထားကြောင်း စေတီပြင်ကျေးရွာ ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးအေးညွှန့်က ပြောကြားသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...