တိုုင်းရင်းသားလက်နက်ကိုုင် ခေါင်းဆောင်များ ချင်းမုုိင်မြို့တွင် တွေ့ဆုံု

တိုုင်းရင်းသားလက်နက်ကိုုင် ခေါင်းဆောင်များ ချင်းမုုိင်မြို့တွင် တွေ့ဆုံု
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ငြိမ်းချမ်းရေးလုုပ်ငန်းစဉ်တွေ အတူလက်တွဲအကောင်အထည်ဖော်နိုုင်ဖိုု့အတွက် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် DPN အဖွဲ့ကိုုယ်စားလှယ်များ နှင့် NCA အပစ်ရပ် ၈ ဖွဲရဲ့ တုုိ်င်းရင်းသားလက်နက်ကုုိင် တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုုပ်ငန်းစဉ် အလုုပ်အဖွဲ့ PPWT မှ ခေါင်းဆောင်ကိုုယ်စားလှယ်များ ထုုိင်းနုုိင်ငံချင်းမုုိင်မြို့တွင် ယနေ့ (သြဂုတ် ၂) တွေ့ဆုံုဆွေးနွေးနေကြသည်။

ဆွေးနွေးပွဲတွင် မူဘောင်ပြန်လည်သုံုးသပ်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး နှစ်ဘက်ပူးပေါင်းလုုပ်ဆောင်နိုုင်ရေး ကိစ္စ အပါအဝင် ၊ ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးဆိုုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ကိစ္စ၊ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံုး မျက်နှာစုံုညီအစည်းအဝေး ခေါ်ယူကျင်းပနိုုင်ရေး ကိစ္စ နှင့် ငြိမ်းချမ်းရေး ရှေ့လုုပ်ငန်းစဉ် မဟာဗျူဟာချမှတ်သွားနိုုင်ရေးကိစ္စတွေကိုု အဓိက ထား ဆွေးနွေးသွားရန်ရှိသည်ဟုု သိရသည်။

အစည်းအဝေး ကိုု အပစ်ရပ် ၈ ဖွဲရဲ့ တုုိ်င်းရင်းသား လက်နက်ကုုိင် တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေး လုုပ်ငန်းစဉ် အလုုပ်အဖွဲ့ PPWT အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ဆလိုုင်း ထလာဟေး။ ဗိုုလ်မှူးကြီး စိုုင်းကျော်ညါန့်၊ ဗိုုလ်မှူး စိုုင်းငင်း၊ ဗိုုလ်မှူး သောမတ်စ်၊ ဗိုုလ်ချူပ် စောအိုုက်ဇက်ဖိုုး၊ ဗုုိလ်မှူး စောစမစ်ဒွန်၊ ဆလိုုင်းအောင်မြင့် တိုု့ တက်ရောက်သည်။

နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် DPN အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် ခူးဦးရယ် အပါအဝင် နိုုင်အောင်မငေး၊ ဗုုိလ်မှူးကြီး ဆေအွန်၊ ဗိုုလ်မှူး ဟတ်ဟန်၊ ဗုုိလ်မှူးကြီး မင်းထွန်း၊ ဦးထွန်းဇော် နှင့် ဒေါ်နာဗစ်ဘိုု တိုု့ တက်ရောက်သည်။

NCA အပစ်ရပ် တိုုင်းရင်းသားလက်နက်ကိုုင် အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေနဲ့ NCA အပစ်ရပ် လက်မှတ်မရေးထိုုးကြရသေးတဲ့ တိုုင်းရင်းသားလက်နက်ကိုုင်အဖွဲ့က ခေါင်းဆောင်တွေဟာ ပြည်ထောင်စုု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုုပင်လုံု ဒုုတိယအကြိမ် ညီလာခံ အပြီး ဇူလိုုင်လ ၁၃ ရက်နေ့က ထုုိင်းနိုုင်ငံ ချင်းမုုိင်မြို့မှာ ပထမဆုံုးအကြိမ် ငြိမ်းချမ်းရေး ရှေ့လုုပ်ငန်းစဉ်အတွက် ပူးပေါင်းလုုပ်ဆောင်ကြဖိုု့ တွေ့ဆုံုဆွေးနွေးခဲ့ကြပါသေးတယ်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...