မွန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုင်စင်မဲ့ကားတွေကို သိန်းရာချီ တောင်းခံပြီး ပြန်လွှတ်ပေးနေ

မွန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုင်စင်မဲ့ကားတွေကို သိန်းရာချီ တောင်းခံပြီး ပြန်လွှတ်ပေးနေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အထွက် စစ်တောင်းတံတားအနီးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လိုင်စင်မဲ့ ယာဉ်တွေကို ဖမ်းဆီးပြီးနောက် ငွေကျပ်သိန်းရာချီ တောင်းခံပြီး ပြန်လွှတ်ပေးနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ အမှတ်(၁) အသက်မွေးမှုတပ်ရင်းက ဗိုလ်ကြီး မျိုးမြင့်အောင် ဦးဆောင်တဲ့ အဖွဲ့ဟာ လိုင်စင်မဲ့ယာဉ်အပါအဝင် ယာဉ်အမျိုးမျိုးကို လုံခြုံရေး အကြောင်းပြပြီး ဖမ်းဆီးပြီးနောက် ငွေကြေး အတင်းအဓမ္မ တောင်းခံနေတာ ဖြစ်ပါတယ်။

အဲလို တောင်းခံရာမှာ လိုင်စင်မဲ့ယာဉ်တွေကို တစ်စီးလျှင် ကျပ် သိန်း ၁၀၀ ကနေ ၁၅၀ ထိ ပေးဆောင်စေပြီးမှ ပြန်လွှတ်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လိုင်စင်ရှိတဲ့ ယာဉ်တွေကိုလည်း လုံခြုံရေး အကြောင်းပြပြီး စစ်ဆေးတာတွေ ရှိသလို စာရွက်စာတမ်း လိုအပ်ချက် ရှိပါက ကျပ် ၁၀၀၀၀ ကနေ ၂၀၀၀၀ ထိ ပေါ်ပေါ်ထင်ထင် တောင်းခံတာတွေ လုပ်ဆောင်လာပါတယ်။

ဖမ်းဆီးရမိတဲ့ ကားတွေနဲ့ တောင်းခံ ရရှိတဲ့ ငွေတွေကိုတော့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အထက်ကို တင်ပြတာ မရှိဘဲ အောက်ခြေကနေ ဗျူဟာမှူး အဆင့်ထိ အချိုးကျ ခွဲဝေယူနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြဝတီကနေ ဝင်ရောက် လာရောက်တဲ့ လိုင်စင်မဲ့ယာဉ်တွေကို ငွေကြေးရယူပြီး မန္တလေး၊ တာချီလိတ်၊ တောင်ကြီးနဲ့ တခြား မြို့နယ်တွေကို တင်သွင်းမှုတွေကိုပါ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...