ကလေးမြို့နယ်တွင် ၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိဟုဆို

ကလေးမြို့နယ်တွင် ၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိဟုဆို

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် မေလ ၂၈ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိဖြစ်ပွားသည့် ၄ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသည်ဟု PDF-Kalay တပ်ဖွဲ့က ထုတ်ပြန်သည်။

ကလေးတောင်ပိုင်း တွင် စစ်ကြောင်းထိုး ဦးတည်လာသည့် အင်အား ၅၀ ကျော်နှင့် ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့တို့သည် ဟဲလုပ်ရွာအနီးတွင် မေလ ၂၈ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား  ၃ ဦးခန့် သေဆုံးသည့်အပြင် နတ်မြောင်၊ နတ်ချောင်းကျေးရွာအတွင်း တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်သား ၁ ဦး ထပ်မံသေဆုံးခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့သည် ထောက်ကြံရွာ အနောက်ဘက်တွင်ရှိသော  PDF Kalay တပ်ရင်း (၂) မှ စွန့်ခွာထားပြီးဖြစ်သည့် စခန်းသို့ အင်းအား၂၀၀ ကျော်ဖြင့် ဝင်ရောက်ခဲ့ရာ PDF Kalay မှ အသင့်တပ်ဆင်ခဲ့ထား သော တိုက်မိုင်းများဖောက်ခွဲသောကြောင့် စစ်ကောင်စီတပ်သားအများအပြားထိမှန်ခဲ့သည်။

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ကြောင်းများခွဲပြီးနောက် ဇောလ်ပီးကျေးရွာနှင့် သုံးအိမ်စုရွာများသို့ ဝင်ရောက်ခဲ့ပြီး နေအိမ်များမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သုံးအိမ်စုရွာမှ စိတ်ကျန်းမာရေးချို့ယွင်းသည့် ပြည်သူ တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

မေလ ၃၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများသည် နတ်မြောင်းရွာရှိ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့ပြီး အဆောက်အဦးတချို့မီးလောင်ပျက်စီးခဲ့သည့်အပြင် ဘုန်းကြီး ကျောင်းအတွင်းမှ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် စစ်ဘေးရှောင် ၄ ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်သည်ဟု PDF Kalay ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...