ထိုင်းတွင် ၅ ရက်အတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခန့် မှတ်ပုံတင်ပြီးစီး

ထိုင်းတွင် ၅ ရက်အတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းခန့် မှတ်ပုံတင်ပြီးစီး
by -
မဇ္ဈိမ
ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်ကိုင်နေသူများကို ထိုင်းအစိုးရမှ မှတ်ပုံတင်ပေးနေရာ ၅ ရက်အတွင်း လူဦးရေ ၂ သိန်း ခန့် ရှိနေပြီ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်နေ့ထိ ငါးရက်အတွင်း ထိုင်းအလုပ်ရှင် ၅၈၀၆၆ ဦးက ၄င်းတို့၏ အလုပ်သမားပေါင်း ၁၉၀,၉၂၆ ဦး လာရောက် မှတ်ပုံတင်ပြီး ဖြစ်ကြောင်း ထိုင်းအလုပ်သမား ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နိုင်းအာနန်တချိုင်း ဥထိုင်းဖတ်ထနားချိတ် ပြောဆိုထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ အလုပ်သမားများသည် ကမ္ဘာဒီးယား၊ လာအို ရွှေ့ပြောင်းအလုပ်သမားများလည်း ပါဝင်ပြီး ထိုအထဲမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများဆုံးဖြစ်သည်။

ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ရ ရက်နေ့အထိ ၁၅ ရက်အတွင်း ရုံးပိတ်ရက်မရှိဘဲ မှတ်ပုံတင်ဌာနပေါင်း ၁၀၀ ဖွင့်လှစ်ထားပြီး အများစုသည် ဘန်ကောက်၊ ဆမွတ်ပရကန်၊ ရနောင်း၊ ပထုတ်ဌာနီနှင့်   နွန်ထပူရီဒေသများမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်အကူ စသည့် လုပ်ငန်းများမှ အလုပ်သမားများ ဖြစ်သည်ဟု ဆိုထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား နေထိုင်နေသော ချင်းမိုင်မြို့တွင်လည်း အလုပ်သမားပေါင်း ၁၀၀၀၀ ကျော်သာ လာရောက် မှတ်ပုံတင်သေးသဖြင့် အလုပ်သမားများအနေဖြင့် အမြန်ဆုံး မှတ်ပုံတင်ရန် ဇူလိုင်လ ၃၀ ရက်နေ့က ထိုင်းအလုပ်သမားရှာဖွေရေးရုံးက တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်ဟု ချင်းမိုင်မြို့အခြေစိုက် Map ဖောင်ဒေးရှင်းမှ နန်းထောင်းဒီက ပြောသည်။

လက်ရှိတွင် အလုပ်သမားများသည် အလုပ်ရှင် ရှာမရဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

“သူတို့(အလုပ်ရှာဖွေရေးရုံး)က လက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်လာပြောပြတာ။ အလုပ်သမားတွေက သူဌေးမရှိနဲ့ အခက်အခဲပေါ့။ ပြီးတော့ အလုပ်နေရာနဲ့ အလုပ်ရှင်မတူတာ။ အလုပ်သမားတွေ သူဌေးပြောင်းချင်ပေမဲ့ သူဌေးက မပြောင်းပေးတာတွေ ရှိတယ်။တချို့သူဌေးတွေက မလုပ်ပေးကြဘူး။ တချို့ကြတော့ သူဌေးပြောင်းမယ်ဆိုရင်လည်း ပေး မထွက်ချင်ဘူး။ သူဌေးဟောင်း မထုတ်ပေးရင်လည်း ဝင်တဲ့သူဌေးအသစ်နဲ့ အလုပ်သမား အစစ်အမှတ်ဖြစ်ကြောင်း လက်မှတ် လာထိုးခိုင်းတယ်။ သူဌေးလည်း မပြောင်းပေးချင်ကြဘူး။ အစိုးရက ဒီဇင်ဘာလထိ သူဌေးပြောင်းတာတို့ လုပ်ခိုင်းတယ်။ ဒီ ၆ လအတွင်း အခွင့်ရေးပေးတဲ့အချိန် ပေါ်လစီအတိုင်း လုပ်ကြပါ။ နောက်မှ ထိုင်းအစိုးရကို လာအပြစ်တင်လို့မရဘူးဆိုတာတွေ ညှိနှိုင်းဆွေးနွေးခိုင်းတယ်”ဟု သူက ပြောသည်။

နေ့စားအလုပ်လုပ်ကိုင်နေသော တချို့အလုပ်သမားများအတွက်မှု အလုပ်ရှင် အတည်မရှိဘဲ ကျပန်းအလုပ် သမားများအတွက်မူ အခက်အခဲရှိနေသည်ဟု သူက ပြောသည်။

ထိုင်းအစိုးရ၏ နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေသစ်အရ သတ်မှတ်ထားသည့် အချိန်အတွင်း မှတ်ပုံတင်ခြင်း မရှိပါက ဖမ်းဆီးမှုများ ဆက်လုပ်မည် ဖြစ်သလို၊ ချမှတ်ထားသည့် ဥပဒေအရ အလုပ်ရှင်နှင့် အလုပ်သမား မတူပါက ဒဏ်ငွေ ၂၀၀၀ မှ ၄ သိန်းထိ ပေးဆောင်ရမည် ဖြစ်သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...