တစ်နိုင်ငံလုံးအနေဖြင့် H1N1 လူနာ ၅၁ ဦးအထိ တိုးလာ

တစ်နိုင်ငံလုံးအနေဖြင့် H1N1 လူနာ ၅၁ ဦးအထိ တိုးလာ
by -
မဇ္ဈိမ
ဇူလိုင်လ ၂၁ ရက်မှ ၃၀ ရက် နေ့လည် ၂ နာရီအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရရှိသော ရောဂါဖြစ်ပွားမှုအချက်အလက်များအရ Seasonal Influenza A(H1N1) pdm 09 Positive လူနာ စုစုပေါင်း (၅၁) ဦးရှိပြီ ဖြစ်သည်။

ဇူလိုင် ၃၀ နံနက်ပိုင်းတွင် လူနာ ၄၈ ဦးဟု ထုတ်ပြန်ခဲ့ပြီး ယခု ၅၁ ဦး ဖြစ်လာကာ သေဆုံးသူ ၁၀ ဦးရှိလာသည်။

လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ (၁၈၂) ဦးရှိခဲ့သည် ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

ဇူလိုင် ၃၀ ရက်က လူနာ ၃ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ လူနာ (၁) ဦး၊ ဇူလိုင်လ ၂၈ ရက်တွင် တက်ရောက်သောလူနာ (၁)ဦး နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ မြောက်ဥက္ကလာပ အထူးကုဆေးရုံ (ဝေဘာဂီ)သို့ လွှဲပြောင်းကုသမှုပေးခဲ့သော လူနာ (၁) ဦးတို့သည် ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

" (၃၀-၇-၂၀၁၇) ရက်နေ့ (၁၄:၀၀)နာရီအထိ ရရှိသော စာရင်းဇယားများအရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ (၅)ဦး၊ အထူးကု ဆေးရုံ (ဝေဘာဂီ) ၌ (၃)ဦး နှင့် ခုတင် (၁၀၀၀) ပြည်သူ့ ဆေးရုံကြီး၊   နေပြည်တော်၌ (၁)ဦး Seasonal Influenza A(H1N1) pdm 09 အတည်ပြု အတွင်းလူနာ အဖြစ် တက်ရောက်လျက်ရှိပါသည်" ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင်   ဖော်ပြထားသည်။

ဇူလိုင် ၃၀ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)Pdm09) ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဝန်ကြီးများ၊ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ယခုအချိန်အထိ ရရှိသော စာရင်းဇယားများအရ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ စုစုပေါင်း (၄၃၀) ကြိမ်ခန့်၊ လူဦးရေ (၂၂၀,၀၀၀) ခန့်အား ရာသီတုပ်ကွေး ရောဂါဆိုင်ရာ ကျန်းမာရေး ပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက်တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှသိရသည်။

ဇူလိုင်၃၀ နံနက်ပိုင်းအထိ H1N1 လူနာ ၄၈ဦးရှိခဲ့ပြီး ရန်ကုန်တွင် ၁၆ ဦး၊ ချင်းပြည်နယ်တွင် ၁၀ ဦး၊ ဧရာဝတီတိုင်းတွင် ၁၂ ဦး၊မွန်ပြည်နယ်တွင် ၁ ဦး ၊ပဲခူးတွင် ၅ ဦး၊ နေပြည်တော် ၃ ဦး၊ တနင်္သာရီတိုင်းတွင် ၁ ဦး တို့ ဖြစ်ကာ ယခု ၅၁ ဦးအထိ တိုးလာသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...