မယူကမ်း သရက်ချောင်းတွင် ကူးတို့လှေပေါ်မှ လိမ့်ကျ၍ လူနှစ်ဦးသေဆုံး

မယူကမ်း သရက်ချောင်းတွင် ကူးတို့လှေပေါ်မှ လိမ့်ကျ၍ လူနှစ်ဦးသေဆုံး
by -
နိရဥ္စရာ
မုန်တိုင်းကြောင့် တံတားပြိုပျက်ပြီးနောက် သရက်ချောင်းကျေးရွာနှင့် အနီးဝန်းကျင်မှ ကလေးငယ်များသည် လောင်းချောင်းအထကသို့ ဤကဲ့သို့ ကူးတို့လှေဖြင့် ချောင်းကို ဖြတ်သန်း ကျောင်းတက်နေကြရသည်။
မုန်တိုင်းကြောင့် တံတားပြိုပျက်ပြီးနောက် သရက်ချောင်းကျေးရွာနှင့် အနီးဝန်းကျင်မှ ကလေးငယ်များသည် လောင်းချောင်းအထကသို့ ဤကဲ့သို့ ကူးတို့လှေဖြင့် ချောင်းကို ဖြတ်သန်း ကျောင်းတက်နေကြရသည်။
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် လောင်းချောင်းတိုက်နယ် သရက်ချောင်းကျေးရွာတွင် ကူးတို့လှေပေါ်မှ လှိမ့်ကျ၍ ကူးတို့ ပို့သူ အမျိုးသမီးနှင့် ခရီးသည် အမျိုးသား တစ်ဦးတို့ သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင် ၃၀) နံနက် ရ နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၀ါးပိုးဝါးများကို ကူးတို့လှေပေါ်မှ ရွာကမ်းပေါ်သို့ တင်စဉ် ကူးတို့ပို့သူ အမျိုးသမီး ဒေါ်မသန်းဝင်းအား ၀ါးဖြင့် တိုက်မိရာမှ ဒေါ်မသန်းဝင်းမှာ ရေထဲလှိမ့်ကျသွားခဲ့သည်။

ဒေါ်မသန်းဝင်းမှာ ရေကူးမတတ်သဖြင့် လှေပေါ်တွင် ပါလာသူ ခရီးသည် ဦးစံသာအောင်မှ လိုက်လံဆယ်ယူရာ ဦးစံသာအောင်ပါ ရေနစ်သွားခဲ့သည်။

“ သေဆုံးသူ အမျိုးသား ဦးစံသာအောင် အလောင်းကိုတော့ ရပါပြီ။ ဒေါ်မသန်းဝင်း အလောင်းကိုတော့ မတွေ့သေးပါဘူး။ လိုက်ရှာနေတုန်းပါ” ဟု သရက်ချောင်းကျေးရွာမှ မယူကမ်း ဖွံ့ဖြိုးရေး အသင်းအတွင်းရေးမှူး ဦးစောလှအေးက ပြောသည်။

သေဆုံးသွားသည့် ကူးတို့ပို့သူ အမျိုးသမီး ဒေါ်မသန်းဝင်း (၄၂) နှစ်မှာ သရက်ချောင်းကျေးရွာမှ ဖြစ်ပြီး ဦးစံသာအောင် (၄၀) နှစ်မှာ သရက်ပြင် ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။

သရက်ချောင်း ကျေးရွာတွင် ယခု အခင်းဖြစ်ပွားရာ ချောင်းတွင် ကြိုးတံတား တစ်စင်းရှိခဲ့သော်လည်း ယခုနှစ် မေလ ၃၀ ရက်နေ့က တိုက်ခတ်သွားသော မိုရာ မုန်တိုင်းကြောင့် ကျိုးပျက်သွားခဲ့သည်။

ချောင်းအကျယ်မှာ ပေ ၁၂၀ ခန့် ရှိသည်။ ၎င်းတံတားကို ပြန်လည် ပြုပြင်ရန် ကျပ်ငွေသိန်း ၃၀၀ ကျော်လိုအပ်နေပြီး ရွာသားများမှ မတတ်နိုင်၍ တံတားကို ပြန်လည် မတည်ဆောက်နိုင်ဘဲ ရှိနေစဉ် ယခုလို ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...