“ အခု တွေ့တာကမောင်သန်းဌေးရဲ့ လွယ်အိတ်၊ လောက်လေးဂွ၊ မြင်းစူး (မျှား)တွေကို တွေ့ပါတယ်။ ပီးရင် စခန်းအဆောင် သုံးလုံးကို ဒီကနေ့မှာ ထပ်တွေ့ ပါတယ်။ အဲဒီမှာ ဆန်အိတ် ၄ အိတ်၊ ထမင်းစားတဲ့ ပန်းကန်အချပ် ၄၀ လောက်တွေ့ပါတယ်” ဟု ယမနေ့ ညနေ ၄ နာရီက ဆက်သွယ်စဉ် မေယူတောင်ပေါ်ကို ရောက်နေသူ ဦးမောင်ထွန်းစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။
ဇူလိုင်နေ့ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါ ပစ္စည်းများကို မောင်သန်းဌေး ပျောက်ဆုံးရာသင်္ကန်းနက်တောင်တွင် တွေ့ခဲ့ရသည်ဟု သူကပြောသည်။
“ ဆက်လက် ရှာဖွေနေတုန်း ဖြစ်ပါတယ်။ တစ်ခြားသဲလွန်စတွေတော့ မရသေးဘူး။ ခွေးကိုလည်း မတွေ့ရပါ။ စခန်းကတော့ အကြမ်းဖက်သမားစခန်းဘဲ ဖြစ်ပါတယ်။ တပ်ကစစ်ဆေးနေပါတယ်” ဟု ဆိုသည်။
ရှာဖွေရာတွင် တပ်မတော်မှ စစ်သား ၃၀ နှင့် အရပ်သား ၃၀ မှ ပူးပေါင်း ရှာဖွေနေကြခြင်း ဖြစ်ေကြောင်းသိရသည်။
ဦးမောင်ထွန်းစိန်သည် ပျောက်ဆုံးနေသူ မောင်သန်းဌေးနှင့် အတူမေယူတောင်တွင် ဇူလိူင်လ ၂၇ ရက်နေ့ခရုကောက်ရန် သွားရာတွင် အတူပါ၀င်သူ ဖြစ်ကြောင်း သိရသည်။







