ပျောက်ဆုံးနေသူ မောင်သန်းဌေး၏ အသုံးအဆောင် ပစ္စည်းတချို့နှင့် အကြမ်းဖက်သမားများ၏ စခန်း၊ ဆန်အိတ်၊ ပန်းကန်များတွေ့ရှိ

ပျောက်ဆုံးနေသူ မောင်သန်းဌေး၏ အသုံးအဆောင် ပစ္စည်းတချို့နှင့် အကြမ်းဖက်သမားများ၏ စခန်း၊ ဆန်အိတ်၊ ပန်းကန်များတွေ့ရှိ
by -
နိရဥ္စရာ
ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် ချွတ်ပြင်ရွာမှ ပျောက်ဆုံးနေသူ မောင်သန်းဌေးအား တပ်မတော်တပ်ဖွဲ့ဝင်များနှင့် ရွာသားများမှ ဇူလိုင် ၃၀ ရက်နေ့တွင် ပူးပေါင်းရှာဖွေနေရာ မောင်သန်းဌေး၏ အသုံးအဆောင်ပစ္စည်း တစ်ချို့နှင့် အတူ အကြမ်းဖက်သမားများ ခိုအောင်းနေသည့် တဲများ၊ ဆန်အိတ်များ၊ ပန်းကန်များကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ရှာဖွေရာတွင် ပါ၀င်သူဦးမောင်ထွန်းစိန်က ပြောသည်။

Narinjara“ အခု တွေ့တာကမောင်သန်းဌေးရဲ့ လွယ်အိတ်၊ လောက်လေးဂွ၊ မြင်းစူး (မျှား)တွေကို တွေ့ပါတယ်။ ပီးရင် စခန်းအဆောင် သုံးလုံးကို ဒီကနေ့မှာ ထပ်တွေ့ ပါတယ်။ အဲဒီမှာ ဆန်အိတ် ၄ အိတ်၊ ထမင်းစားတဲ့ ပန်းကန်အချပ် ၄၀ လောက်တွေ့ပါတယ်” ဟု ယမနေ့ ညနေ ၄ နာရီက ဆက်သွယ်စဉ် မေယူတောင်ပေါ်ကို ရောက်နေသူ ဦးမောင်ထွန်းစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ဇူလိုင်နေ့ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီက အဆိုပါ ပစ္စည်းများကို မောင်သန်းဌေး ပျောက်ဆုံးရာသင်္ကန်းနက်တောင်တွင် တွေ့ခဲ့ရသည်ဟု သူကပြောသည်။

“ ဆက်လက် ရှာဖွေနေတုန်း ဖြစ်ပါတယ်။ တစ်ခြားသဲလွန်စတွေတော့ မရသေးဘူး။ ခွေးကိုလည်း မတွေ့ရပါ။ စခန်းကတော့ အကြမ်းဖက်သမားစခန်းဘဲ ဖြစ်ပါတယ်။ တပ်ကစစ်ဆေးနေပါတယ်” ဟု ဆိုသည်။

ရှာဖွေရာတွင် တပ်မတော်မှ စစ်သား ၃၀ နှင့် အရပ်သား ၃၀ မှ ပူးပေါင်း ရှာဖွေနေကြခြင်း ဖြစ်ေကြောင်းသိရသည်။

ဦးမောင်ထွန်းစိန်သည် ပျောက်ဆုံးနေသူ မောင်သန်းဌေးနှင့် အတူမေယူတောင်တွင် ဇူလိူင်လ ၂၇ ရက်နေ့ခရုကောက်ရန် သွားရာတွင် အတူပါ၀င်သူ ဖြစ်ကြောင်း သိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...