မြောက်ဦးမြို့သစ်ဖော်ထုတ်ရန် ဧက ၄ဝဝ ရှိမြေနေရာအား ပဏာမ ရွေးချယ်အတည်ပြု

မြောက်ဦးမြို့သစ်ဖော်ထုတ်ရန် ဧက ၄ဝဝ ရှိမြေနေရာအား ပဏာမ ရွေးချယ်အတည်ပြု
by -
မာန်ယုကျော်
ရခိုင်ပြည်နယ် မြောက်ဦးမြို့သစ်ဖော်ထုတ်ရန်လျာထားသည့် မြေဧက ၂၇ဝဝ အနက် ထမ္မရာဇ်ရပ်ကွက်၏ မြောက်ဘက်ရှိ ဧက ၄ဝဝ အား ပဏာမရွေးချယ် အတည်ပြုလိုက်ပြီဟု မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က နိရဥ္စရာကိုပြောသည်။ ယခုအတည်ပြုလိုက်သည့်နေရာမှာ မြောက်ဦးမြို့ မြို့အဝင် ထမ္မရာဇ်ရပ်ကွက်၏ မြောက်ဘက် ရန်ကုန်-စစ်တွေကားလမ်းနံဘေးနေရာဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ရွေးချယ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၇ ရက်နေ့ကပြုလုပ်ခဲ့သည့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းသာစိန်က ဆိုသည်။ “အခုက ပဏာမအဆင့် သတ်မှတ်လိုက်တာပဲရှိသေးတယ်။ ဘယ်အချိန် အကောင်အထည် ဖော်မလဲဆိုရင် ကျွန်တော်တို့က လူထုကိုအရင်ဆုံးချပြရဦးမယ်။ ပြီးမှ လွှတ်တော်ကနေတဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုတင်မယ်။ ရခိုင်ပြည်နယ်အစိုးရကမှတဆင့် ပြည်ထောင်စု အစိုးရကိုတင်ပြပြီး ပြည်ထောင်စုအစိုးရက ချပေးမှပဲ စတင်အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။ အဆိုပါမြေဧက ၄ဝဝ ရာတွင် မြေကွက်များအဖြစ် ပေ ၄ဝ×၆ဝ၊ ပေ ၆ဝ×၄ဝ ၊ ပေ ၆ဝ×၆ဝ နှင့် ပေ ၈ဝ×၈ဝ မြေကွက်များကို ဖော်ထုတ်သွားမည်ဖြစ်ပြီး ယင်းမြေကွက်များကို ပြည်သူများထံ သင့်တော်သည့်စျေးနှုန်းများဖြင့် ရောင်းချပေးသွားမည်ဟုလည်း သိရသည်။ “အခုသတ်မှတ်လိုက်တဲ့နေရာက မီးနဲ့ ရေရဖို့ကလည်း လွယ်တယ်လေ။ အဘောင်တော် အင်းနဲ့လည်း နီးတယ်ဆိုတော့ ရေက အဘောင်တော်အင်းက ယူလို့ရတယ်။ နောက်ပြီး မီးအတွက်တော့ Main လမ်းမကြီးကလည်း ရှိပြီးသားလေ။ ဆိုတော့ မြို့သစ်စီမံကိန်းအတွက် ရေတို့၊ မီးတို့အားလုံးကို သူတို့လုပ်ပေးမယ်လို့ ပြောတယ်”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကို ပြောသည်။ မြောက်ဦးမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးနှင့် မြို့နေလူဦးရေ ထူထပ်လာမှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ရခြင်းဖြစ်သည်ဟုလည်း သိရသည်။ မြို့သစ်စီမံကိန်းတစ်ခုလုံးကို အကောင်အထည်ဖော်နိုင်ရန် ကုန်ကျမည့်ငွေကြေးများကို ကမ္ဘာ့ဘဏ်မှ ချေးငွေများနှင့်အတူ စိတ်ဝင်စားသည့် ပုဂ္ဂလိကကုမ္ပဏီများက စိုက်ထုတ်ပေးသွားမည်ဟုလည်း သိရသည်။
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...