စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပသူ တစ်ဦးအား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားဆဲ

စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပသူ တစ်ဦးအား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားဆဲ
by -
ဖနိဒါ
ကချင်ပြည်နယ် ဖားကန့်မြို့၊ မှော်ဝမ်းတွင် ကျင်းပခဲ့သော စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်ကျင်းပခဲ့သူ ၃ ဦးအနက်မှ ၂ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့သောအမှု ပြီးဆုံး ခဲ့သော်လည်း ခေါင်းဆောင်တစ်ဦးကို တပ်မတော်ကို ဂုဏ်သိက္ခာညိုးနွမ်းစေမှု ပုဒ်မ ၅၀၀ ဖြင့် ဆက်လက် စွဲခံထားသည်ဟု သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က မှော်ဝမ်း နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း ခန်းမတွင် တပ်မတော်နှင့် KIAတို့ကြား တကျော့ပြန် တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသည့် ၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ခွင့်ပြုချက်မယူဘဲ ကျင်းပသည်ဟုဆိုကာ ဖားကန့်မြို့မ ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦးက တရားလို ပြုလုပ်၍ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးလမောင်လတောင်နှင့် ဦးလတုံဆောင်ဘောမ်တို့ကို ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ရာ ဇူလိုင်လ ၁၈ ရက်နေ့တွင် ဒဏ်ငွေ ၃၀၀၀၀ ကျပ်ဆီဖြင့် အမှု အဆုံးသတ်ခဲ့သည်။ သို့သော် ၄င်းအခမ်းအနားတွင် ဝေငှခဲ့သော လက်ကမ်းစာစောင်တွင် တပ်မတော်အား ဂုဏ်သိက္ခာညိုးနွမ်းစေသည့် စာသားပါဝင်နေသဖြင့် တပ်မတော်အား ဂုဏ်သိက္ခာညိုးနွမ်းစေသည်ဟု ဆိုကာ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့၏ အတွင်းရေးမှူး ဦးဒါရှီနော်လောန်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ဖြင့် တပ်မတော်မှ ဗိုလ်ကြီး ကြည်မင်းထွန်းက တရားလိုပြုလုပ်၍ တရားစွဲဆိုထားဆဲ ဖြစ်သည်ဟု တရားစွဲခံထားရသူ ဦးဒါ့ရှီနော်လောန်က ပြောသည်။ “သူတို့ နှစ်ဦးအမှုက ၁၈ ရက်နေ့က ပြီးသွားပြီ။ ကျွန်တော်အမှု ကျန်နေသေးတယ်။ ကျွန်တော့ကို တပ်ကတရားလိုလုပ်ပြီး တရားစွဲထားတယ်။ ကျွန်တော့်ကို လက်ကမ်း စာစောင်မှာ တပ်မတော်ကို သိက္ခာချတယ်ဆိုပြီး ပုဒ်မ ၅၀၀ နဲ့ စွဲထားတယ်”ဟု သူက ပြောသည်။ အဆိုပါ လက်ကမ်းစာစောင်တွင် တပ်မတော်နှင့်ပတ်သက်ပြီး ရေးသားဖော်ပြထားသည်ဟု သူကပြောသည်။ “ပန်းဖလက်မှာ တပ်မတော်ကို သိက္ခာချတယ်ဆိုပြီး စွဲတာ။ တကယ်တော့ အခမ်းအနားမှာ လူငယ်တွေက လက်ကမ်းစာစောင်တွေဝေတယ်။ အဲဒါ ကျွန်တော်က ဦးဆောင်တယ်ဆိုပြီး စွဲတာဘဲ။ ကျွန်တော့ဘက်ကတော ့အပြစ်မရှိဘူးလို့ ခံယူတယ်”ဟု ဦးဒါ့ရှီနော်လောန်က ဆက်ပြောသည်။ ၄င်းအမှုကို ဇူလိုင်လ ၂၈ ရက်နေ့က တရားလို ဗိုလ်ကြီး ကြည်မင်းထွန်းအား စစ်ဆေးခဲ့ပြီး လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် တရားလို သက်သေများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။ စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ကျင်းပရန် ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ရဲမှူးတို့ထံ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ၄င်းတို့ကို ဇွန်လ ၁၇ ရက်နေ့မှစတင်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ ယင်းအခမ်းအနားတွင် စီတန်း လှည့်လည်ခြင်း၊ ကြွေးကြော်ခြင်းများ မပါဝင်ဘဲ ဆုတောင်းဝတ်ပြုမှု အစီအစဉ်သာ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျင်းပသော စစ်ဘေးရှောင် ၆ နှစ်ပြည့် အခမ်းအနား ဦးဆောင်သူ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ (WMR) ဥက္ကဋ္ဌ ဦးခွန်ဆိုင်း၊ အတွင်းရေးမှူး ဦးဂမ်အောင်နှင့် ဦးဇော်ဂျတ်တို့ကိုလည်း ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ပြီးနောက် တစ်ရက်အတွင်း ငွေဒဏ် ၃၀၀၀၀ ကျပ် အမိန့်ချမှတ်ခဲ့သည်။
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...