မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (ရခိုင်ပြည်နယ်)၏ နှစ်ပတ်လည်တွေ့ဆုံပွဲပြုလုပ်

မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (ရခိုင်ပြည်နယ်)၏ နှစ်ပတ်လည်တွေ့ဆုံပွဲပြုလုပ်
by -
မာန်ယုကျော်
မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (ရခိုင်ပြည်နယ်)၏ နှစ်ပတ်လည် တွေ့ဆုံပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားတွင် အသင်းရေရှည်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရခိုင်ပြည်နယ်ရှိ သတင်းသမားများ ကြံုတွေ့နေရသည့် အခက်အခဲများကို မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (ဗဟို)နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ(MPC)အပါအဝင် မီဒီယာအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။ “အဓိကတော့ သတင်းမီဒီယာဥပဒေကိုပြင်ဆင်နိုင်မယ့်အချက်တွေရယ်၊ နောက်ပြီး ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ သတင်းသမားတွေ ပိုမိုပေါ်ထွန်းလာဖို့အတွက် သတင်းမီဒီယာသင်တန်းတွေ ပို့ချနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ “ဟု မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (ရခိုင်ပြည်နယ်)၏ ဥက္ကဋ္ဌ ဆရာကျွန်းသားငမန်းက နိရဥ္စရာကိုပြောသည်။ ယင်းအပြင် အသင်းပုံမှန်လည်ပတ်နိုင်ရေးအတွက် အသင်းသူ၊ အသင်းများက စိတ်ဝင်တစားရှိရန်လိုအပ်သည်ဟုလည်း အသင်း၏အတွင်းရေးမှူးဖြစ်သူ ဆရာလေးဝတီထွန်းစောခိုင်က တိုက်တွန်းသွားခဲ့သည်။ “ရခိုင်မှာ မီဒီယာနဲ့ပတ်သက်ရင် လက်ရှိမှာ အစိုးရအသိအမှတ်ပြုအသင်းအဖွဲ့အစည်းဆိုလို့ ကျွန်တော်တို့အသင်းတစ်ခုပဲရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းကပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် စုစည်းမှုအားနည်းနေပါသေးတယ်။ အသင်းရေရှည်ဖွံ့ဖြိုးအောင်အတွက် ညီအစ်ကိုမောင်နှမစိတ်ဓာတ်တွေနဲ့ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်”ဟု ဆရာလေးဝတီထွန်းစောခိုင်က ဆိုသည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း (ရခိုင်ပြည်နယ်)ကို ၂ဝ၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင်းရှိ သတင်းသမားတချို့နှင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်အသင်းဝင်ပေါင်း ၂၅ ဦးရှိကြောင်း သိရသည်။
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...