ဖမ်းဆီးခံထားရသည့် သတင်းသမား ၃ ဦး အပါအဝင် ၆ ဦးကို သီပေါတွင် တတိယအကြိမ် ရုံးထုတ်

ဖမ်းဆီးခံထားရသည့် သတင်းသမား ၃ ဦး အပါအဝင် ၆ ဦးကို သီပေါတွင် တတိယအကြိမ် ရုံးထုတ်
by -
မဇ္ဈိမ
မင်္ဂလာထွန်း(ကျောက်မဲ)
မင်္ဂလာထွန်း(ကျောက်မဲ)
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ TNLA မူးယစ်ဆေးဝါး တိုက်ဖျက်သည့် အခမ်းအနားကို သွားရောက် သတင်းယူခဲ့သည့်အတွက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသည့် သတင်းထောက် ၃ ဦးအပါအဝင် ၆ဦးကို ယနေ့ ဇူလိုင် ၂၈ရက်နေ့ သီပေါတွင် တတိယအကြိမ် ရုံးထုတ်ခဲ့သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအခမ်းအနား ပြုလုပ်သည့်နေရာတွင် အဖြူရောင်နယ်မြေဖြစ်သည့်အတွက် တိုက်ကြားစရာမလိုဘဲ သတင်းထောက်သမားတိုင်း သတင်းယူပိုင်ခွင့်ရှိသည်ဟု ဧရာဝတီ သတင်းထောက် ကိုလဝီက မီဒီယာများကို ပြောသည်။

" အခုသွားတဲ့ မြို့သစ်ဆိုတဲ့ နေရာက အစိုးရဝန်ထမ်းတွေ ရှိတယ်။ ဆေးဆရာမတွေရှိတယ်။ ကျောင်းဆရာမ တွေ ရှိတယ်။ အခု လုပ်တဲ့ပွဲတောင်မှ အလယ်တန်းကျောင်းကွင်းထဲမှာ လုပ်တာ။ ပွဲကို အစိုးဝန်ထမ်းတွေလည်း တက်တယ်။ ဒါအဖြူရောင်နယ်မြေပါ။ သူတို့ပြောတာက စစ်ဖြစ်တဲ့နယ်မြေ။ သတင်းထောက်တွေ သွားပိုင်ခွင့် ရှိတယ်။ သတင်းယူပိုင်ခွင့်ရှိတယ်။ တိုင်ကြားဖို့ မလိုဘူး။ ဒါ သတင်းထောက်ရဲ့ အလုပ်ပဲ" ဟု ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးတိုက်ဖျက်သည့်ပွဲအသွား လားရှိုးမြို့အထွက်တွင် တပ်မတော်၏ စစ်ဆေးမှုများကို ခံယူပြီး မှတ်ပုံတင်အပါအဝင် သတင်းထောက်ကဒ်များကိုလည်း ပြသပြီး သွားခဲ့ခြင်းဖြစ်ကြောင်း DVB သတင်းထောက် ကိုအေးနိုင်က ပြောသည်။

DVB သတင်းထောက် ကိုအေးနိုင်က "အဓိက ကျွန်တော်တို့ကို ၃ချက်နဲ့စွဲတယ်။ စစ်တပ်ကို အကြောင်း မကြားဘူး။  မြို့နယ် အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားဘူး။ ရဲစခန်းကို အကြောင်းမကြားဘူး၊။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီလားရှိုးအထွက် အဲဒီကွင်းကို သွားတဲ့အခါ တပ်မတော်ကို အကြောင်းမကြားသော် ငြားလည်း ဘယ်ကိုသွားမလဲဆိုတာကို သူတို့မေးတယ်။ သတင်းထောက်ကဒ်တွေ ပြတယ်။ မှတ်ပုံတင်တွေပြတယ်။ လိပ်စာကဒ်တွေ ပေးထားခဲ့တယ်" ဟု ပြောသည်။

တရားလိုဘက် သတင်းသမားများအပေါ်အဓိက စွပ်စွဲချက်မှာ သက်ဆိုင်ရာအဖွဲ့အစည်း၏ ခွင့်ပြုချက် မယူသည့်အတွက် တရားစွဲထားခြင်းဖြစ်သည့်အတွက် မည့်သည့် ညွန်ကြားချက်၊ ပြဌာန်းချက်၊ တာမြစ်ချက်တွေကို ဖောက်ဖျက်ခဲ့ကြောင်း သက်သေပြရန် လိုအပ်ကြောင်း DVBသတင်းသမားနှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သော တရားလွတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက  ပြောသည်။

"အခု ဒီသတင်းထောက်တွေကို အဓိကသက်ဆိုင်ရာ ခွင့်ပြုချက်မယူလို့ သွားရောက်သတင်းယူခဲ့လို့ စွပ်စွဲထားပါတယ်။ ဘယ်အမိန့်ဘယ်ညွန်ကြားချက် ဘယ်ဟာကို ဖောက်ဖြတ်တယ်ဆိုတာကို သူတို့ဘက်က ပြောဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့က ဒါယူစရာမလိုတဲ့အတွက် မယူတာပါ။ ပြဌာန်းချက် တားမြစ်ချက်တွေရှိတယ် ။ သတင်းစာတွေမှာထည့်ခဲ့မယ်ဆိုရင်တော့ တစ်မျိုး"ဟု ပြောသည်။

ယနေ့ စစ်ဆေးမှုတွင် တရားလို ဗိုလ်သက်နိုင်ဦးကို စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရသူမှာ အမခံလျှောက်ထားခဲ့ပြီး အာမခံ ရမရကို လာမည့် သြဂုတ်လ ၄ရက်နေ့တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...