အသိုက်အမြုံတွေ အဖျက်ဆီးခံရလိုက်ပေမဲ့ ထန်တလန်မြို့ကို လွမ်းနေကြတဲ့ စစ်ဘေးရှောင်တွေ

အသိုက်အမြုံတွေ အဖျက်ဆီးခံရလိုက်ပေမဲ့ ထန်တလန်မြို့ကို လွမ်းနေကြတဲ့ စစ်ဘေးရှောင်တွေ
ဓာတ်ပုံ - Thantlang Placement Affairs Committee (IDPs Help)
ဓာတ်ပုံ - Thantlang Placement Affairs Committee (IDPs Help)

“ထန်တလန်မြို့ကို ပြန်လို့ရတဲ့ တစ်နေ့ ဘယ်အချိန်ချိန်ဖြစ်ဖြစ် ချက်ခြင်း ပြန်ချင်တယ်” လို့ တိုက်ပွဲတွေကြောင့် အိုးအိမ်တွေ မီးလောင်ပြီး အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်နေရတဲ့ ထန်တလန်မြို့က အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံက လူဦးရေစုစုပေါင်းရဲ့ ၁ ရာခိုင်နှူန်းကိုပဲ ကိုယ်စားပြုပေမယ့် အာဏာသိမ်းပြီးကတည်းက ချင်းလူမျိုးတွေက အချိုးမကျတဲ့ အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးကို ဝေမျှခဲ့ကြတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း(CHRO) ကဧပြီလ ၆ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းခံရတာတွေ၊ တိုက်ခိုက်မှုတွေ၊ ရွာတွေ/မြို့တွေ မီးရှို့ခံရတာတွေနဲ့ လက်နက်ကိုင်တိုက်ပွဲရဲ့ စစ်မီးက ချင်းပြည်နယ်အနှံ့ ကျယ်ကျယ်ပြန့်ပြန့် စတင်ဖြစ်ပွားခဲ့ပါတယ်။

စစ်ပွဲတွေရဲ့ အကျိုးအသက်ရောက်မှုကို အဆိုးရွားဆုံးခံစားရတဲ့ အထဲမှာ ချင်းပြည်နယ်က ထန်တလန်မြို့လည်း အပါဝင် ဖြစ်လာခဲ့ပါတယ်။

စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာပြီး တောတောင်ဘက်ကို ထွက်ပြေးစွန့်ခွာရသူ ရှိသလို ချင်းပြည်နယ်နဲ့ နယ်နိမိတ်ခြင်းထိဆက်နေတဲ့ အိန္ဒိယ နိုင်ငံဖက်ကို ထွက်ပြေးခိုလှုံတိမ်းရှောင်နေရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေများ မီးလောင်မှုစတင်ခဲ့ပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ရဲ့ မြို့တွင်းတိုက်ပွဲမှာ ပထမဆုံးအကြိမ် လူနေအိမ် ၁၉ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မီးရှို့ခံရတဲ့အကြိမ် ၂၀ ကျော်အထိရှိလာခဲ့ပြီး မြို့ပေါ်အိမ်ခြေစုစုပေါင်းရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ နေအိမ်နဲ့ အဆောက်အဦ ၈၁၃ လုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ စာရင်းပြုစုတဲ့ ဒေသခံတွေက ပြောပါတယ်။

အကြိမ်ကြိမ်မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့ အပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထဲမှာပဲ မြို့နေလူဦးရေ (၁) သောင်းဝန်းကျင်ရှိတဲ့ ထန်တလန်မြို့နေ ပြည်သူတွေ မြို့ကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

ထန်တလန်မြို့ကို စွန့်ခွာကြသူ အချို့က နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးကြပြီး အများစုက အိန္ဒိယနယ်စပ် ကျေးရွာတွေနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်သွားကြပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ထန်တလန်မြို့ဒေသခံ အမျိုးသမီးတစ်ဦးက “အိမ်တွေမီးလောင်သွားတော့ လူသားတစ်ယောက်အနေနဲ့ အရမ်းခံစားရခက်ခဲလွန်းတယ် ကျမတို့အိမ်ကိုလည်း ဒီတစ်သက် ပြန်ဆောက်နိုင်မယ် မထင်တော့ဘူး အရမ်းဝမ်းနည်းတယ်”လို့ပြောပါတယ်။

“ဆွေမျိုးမရှိတဲ့နေရာမှာ စစ်ဘေးရှောင်နေရတာဆိုတော့ လူသားတစ်ယောက်အနေနဲ့ အရမ်းကိုခက်ခဲတယ် ရှေ့လျှောက်ဘုရားသခင်က ဘယ်လိုလမ်းပြပေးမလဲ အဖွားအရွယ်နဲ့ဆို ပြန်နိုင်တော့မယ် မထင်တော့ဘူး ဒီမှာပဲ ဆုံးပါသွားမှာပါ သားသမီးတွေတော်လှန်ရေးသာ အားနည်းသွားရင်တော့ ထန်တလန်မြို့ကို ပြန်ရဖို့ မျော်လင့်ချက်ပိုနည်းသွားမယ်” လို့ ထန်တလန်မြို့ကို စွန့်ခွာပြီး အိန္ဒိယနိုင်ငံဘက်ကို စစ်ရှောင်နေတဲ့ အဖွားအရွယ် အမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။

ထန်တလန်မြို့တွင် မီးလောင်နေတဲ့ အိမ်တွေကို မီးငြိမ်းဖို့သွားတဲ့ ခရစ်ယာန် ဓမ္မဆရာတစ်ဦး စက်တင်ဘာလ ၁၈ ရက်နေ့ ပစ်သတ်ခံခဲ့ရပြီး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ သေဆုံးရသူ ၆ ဦးအထိ ရှိခဲ့တယ်လို့ ဒေသအတွင်းအခြေစိုက် သတင်းတွေအရ သိခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးတဲ့ နေအိမ်နဲ့ အဆောက်အအုံ ၈၁၃ လုံးမီးလောင်ဆုံးရှုံးခဲ့ရတဲ့ထဲ ပြည်သူပိုင်နေအိမ် ၉ ခု၊ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် ဘာသာရေး အဆောက်အအုံ ၂၈ ခုပါဝင်တယ်လို့ သိရပါတယ်။

အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ထန်တလန်မြို့နေ အမျိုးသား တစ်ဦးက “ကျတော်တို့ ဘုရားကျောင်းလည်း မီးလောင်သွားတယ်၊ ကျနော်တို့ သင်းအုပ်ဆရာကိုလည်း သတ်လိုက်တယ်၊ အရမ်းဝမ်းနည်းတယ်”လို့ပြောပါတယ်။

၂၀၂၂ ပြည့်နှစ် နောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့တို့က ထန်တလန်မြို့ပေါ်ရှိ အိမ်ခြေများကို (၂၇) ကြိမ်မြောက် ထပ်မံမီးရှို့ခဲ့ပြီး အိမ်ခြေပေါင်း ၃၈၃ အိမ် ပြာကျ ခဲ့တယ်လို့ စာရင်းပြုစုတဲ့ ဒေသခံများထံ သိရပါတယ်။

ချင်းပြည်နယ်ရဲ့ စစ်ရေးပစ်မှတ်အလား ဖြစ်ခဲ့ရတဲ့ ထန်တလန်မြို့ဟာ အိမ်ခြေအားဖြင့် အိမ်ခြေ ၂၅၀၀ ခန့်ရှိတဲ့ မြို့တစ်ခုဟာ အခုဆိုရင် မြို့နေအိမ် (၁) ထောင်ကျော်လောက်ဟာ မီးလောင်ပြာကျခဲ့ပြီး မြို့နေအိမ်၏သုံးပုံတစ်ပုံခန့် မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖလမ်းမြို့နယ်က ပါရ်သဲကျေးရွာက နေအိမ် (၆) လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် - မတူပီ လမ်း မိုင်တိုင်

မိုင်(၄၀) ကျေးရွာက ပြည်သူပိုင်နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ လူဦးရေအားဖြင့် ၄၇၈၀၀၀ ကျော်ထိရှိပြီး လူဦးရေရဲ့ ၉၀ ရာခိုင်နှူန်းလောက်မှာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ကြပါတယ်။တိုက်ပွဲများကြောင့် ချင်းပြည်နယ်ရဲ့ လူဦးရေ ၂၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းပြီး ချင်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အမြို့မြို့အနယ်နယ်အရပ်ရပ်ကနေ ချင်းပြည်နယ်နဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက် ခိုလှုံတာ သမိုင်းမှာ လူရေအများဆုံး ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာလဲ ရှိပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြို့မိမြို့ဖများနှင့် ပြည်နယ် အစိုးရက တိုက်ပွဲရှောင်လာတဲ့ ဒုက္ခသည်တွေကို စားဝတ်နေရေးကို အဓိကကူညီပံ့ပေးပိုးပေး နေပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ဗဟိုအစိုးရကတော့ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့ ဒုက္ခသည်တွေကို စစ်ဘေးရှောင်ဒုက္ခသည်လို့ သတ်မှတ်တာမျိုး မရှိဘူးလို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ အစိုးရအနေနဲ့ စစ်ဘေးရှောင်လာတဲ့ သူတွေကို ဒုက္ခသည်အဖြစ် တရားဝင်သတ်မှတ် တာမျိုးမရှိလို့ နိုင်ငံတကာ အကူအညီအထောက်အပံ့တွေလည်း ထိထိရောက်ရောက် မရရှိတာတွေကြောင့် စစ်ဘေးရှောင်များ အခက်ခဲများစွာကြားက နေထိုင်နေကြရပါတယ်။

တဘက်မှာလည်း အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ကြဖို့ လက်နက်ကိုင် သင်တန်းများကို ချင်းအမျိုးသားတပ်ဦး(CNF) ထံ သွားရောက် သင်ကြားတာမျိုးရှိပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့ဟာ တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဉီး (CNF) ရဲ့ တပ်စခန်းတည်ရှိရာ နေရာလည်းဖြစ်ပါတယ်။ ဒါကြောင့် ထန်တလန်မြို့ ဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထားခံရတဲ့ မြို့တမြို့ လည်း ဖြစ်လာခဲ့ပါတယ်။

အခုလို စစ်ရေးပစ်မှတ်ထားခံရတဲ့ ထန်တလန်မြို့ အတွင်းမှာ  CNF တပ်ဖွဲ့ အနေနဲ့ လည်း လွတ်မြောက်နယ်မြေပိုကျယ်ပြန့်အောင် ကြိုးစားနေလျက်ရှိပြီး လက်ရှိအချိန်ထိ စစ်ရေးအရ တင်းမာမှုရှိနေပါတယ်။

“မချမ်းသာပေမဲ့ ပျော်ပါတယ်” ဆိုတဲ့ မြို့ဆောင်ပုဒ်နဲ့ အညီ အေးချမ်းခဲ့တဲ့ ထန်တလန်မြို့က ပြည်သူတွေရဲ့ အိမ်ပြန်ရောက်မယ့် နေ့ရက်ဟာ ရွှေပြည်တော် မျော်တိုင်းဝေးနေရပါအုံးမယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...