CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ ဟုဆို

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ ဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်ဖြစ်ပွားသည့် နှစ်လတာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀၅ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည်ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF က ထုတ်ပြန်သည်။

CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က “နှစ်လတာ ခြုံကြည့်မယ်ဆိုရင် မတ်နဲ့ဧပြီကြတော့ ကလေးဖက်မှာ ဖြစ်တာများမယ်၊ နောက်ပြီးတော့ ရိခေါ ဒါရ်မှာ ဖြစ်တာများတယ်။ မတ်လတုန်းကတော့ အခုပြန်နေတဲ့ယာဉ်တန်းတက်လာတဲ့အချိန်မှာ တားလ်ရွာကြားမှာ စဖြစ်တာ။ စစ်ကောင်စီဖက်ကသေတာ တစ်ရာ့ငါးဦးနဲ့ ဒဏ်ရာရတဲ့သူကများတယ် တိကျယူလို့မရတော့။ ကျွန်တော်တို့ CNDF  ဖက်က တိုက်ပွဲမှာ ကျတဲ့သူနဲ့ သူတို့ဖမ်းဆီးပြီး သတ်ဖြတ်တဲ့သူရော ၆ ဦးရှိတယ်” ဟု ပြောသည်။

CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း ဖလမ်းမြို့နယ်နှင့် ကလေးမြို့ နယ်တွင် တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း CNDF ဘက်မှ ၆ ဦးကျဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ဖလမ်းမြို့နယ် တားလ်၊ ထလန်ဇာရ်၊ ရမ်ထလို၊ ဒေါက်ထက်၊ ရိခေါ်ဒါရ်ဒေသများနှင့် ကလေးမြို့နယ် ရန်ကြီးအောင်၊ နတ်ချောင်၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ တောင်သာနှင့် ဟားခါးလေးကျေးရွာများတွင် ဖြစ်ပွားခဲ့သည်။

Most read this week

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...