ဖမ်းဆီးအမှုဖွင့်ခံထားရသည့် သတင်းသမားများ အမြန်ဆုံးပြန်လွှတ်ရေး Amnesty International အဖွဲ့ တောင်းဆို

ဖမ်းဆီးအမှုဖွင့်ခံထားရသည့် သတင်းသမားများ အမြန်ဆုံးပြန်လွှတ်ရေး Amnesty International အဖွဲ့ တောင်းဆို
by -
မဇ္ဈိမ
ပဋိပက္ခတိုက်ပွဲတွေ ဖြစ်နေခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လက ဖမ်းဆီးခံခဲ့ရတဲ့ သတင်းသမားသုံးဦးကို  ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရေး အာဏာပိုင်တွေကို တောင်းဆိုကြောင်း Amnesty International က ထုတ်ပြန်ပါတယ်။

၎င်း သတင်းသမားသုံးဦးကို ယနေ့ ဇူလိုင် ၂၈ ရက်မှာ စစ်ဆေးဖို့ ရှိနေပါတယ်။

ဒီမိုကရက်တစ်ရုပ်သံ DVB သတင်းဌာနမှ သတင်းသမားနှစ်ဦးဖြစ်တဲ့ ဦးအေးနိုင်နှင့် ကိုပြည့်ဘုန်းနိုင် တို့နဲ့အတူ ဧရာဝတီသတင်းဌာနမှ သတင်းထောက် ကိုသိန်းဇော် ( ကိုလဝီဝမ်) တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ၎င်းတို့နဲ့အတူတူ ခရီးသွားခဲ့သူ အခြားလေးဦးလည်း ဖမ်းဆီးခံခဲ့ရပါသေးတယ်။

ယင်းဖမ်းဆီးခဲ့ချိန်ကစလို့ ၎င်းတို့ကို မတရားအသင်းအက်ဥပဒေနဲ့ အမှုဖွင့်ထားခဲ့ပြီး တကယ်လို့ စီရင်ချက်ချခံရမယ်ဆိုရင် ထောင်သုံးနှစ်ထိ ကျခံနိုင်ရခြေ ရှိနေပါတယ်။  ၎င်းတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရသူ အခြားသုံးဦးလည်း ယင်းဥပဒေအောက်မှာပဲ စွဲချက်တင်ခံထားရသလို ကျန်တစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

" ဒီလိုမျိုး အဓိပ္ပါယ်မရှိတဲ့ စွဲချက်တွေနဲ့ ဒီသတင်းသမားတွေကို စွဲထားတာကို ခုချက်ချင်း ပြန်ဖယ်ရှားပေးရပါလိမ့်မယ်၊ သူတို့ဘာမှ လုပ်ခဲ့တာလည်း မဟုတ်ပါဘူး၊ သူတို့ဘာ သူတို့ အေးအေးချမ်းချမ်းနဲ့ သူတို့အလုပ်ကို လုပ်ခဲ့ကြတာပါ" လို့ Amnesty International ရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ James Gomez က ပြောပါတယ်။

"ရှမ်းမြောက်ပိုင်းရော၊ အခြားတိုင်းရင်းသားဒေသတွေမှာက ပဋိပက္ခတိုက်ပွဲတွေ ရှိနေပါတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ပြန့်နှံ့နေပါတယ်၊ ဒါကြောင့် သတင်းသမားတွေရဲ့လွတ်လပ်ခွင့် အရေးတကြီး လိုအပ်နေပါတယ်" လို့ ၎င်းက ပြောပါတယ်။

၎င်းဖမ်းဆီးခံသတင်းသမားသုံးဦးကတော့ TNLA အဖွဲ့ထိန်းချုပ်နယ်မြေအတွင်းက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲအခမ်းအနား သတင်းယူဖို့ သွားရင်း တပ်မတော်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

May 30, 2026
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်ကို ပယ်ဖျက်ပေးရန်...
May 29, 2026
ပါခွီး — မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း နယ်စပ်ကိစ္စရပ်များအပါအဝင်...
May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...