ကလေးမြို့နယ် အရှေ့စည်းကျေးရွာမီးရှို့ဖျက်ဆီးခံရ

ကလေးမြို့နယ် အရှေ့စည်းကျေးရွာမီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ် အရှေ့စည်းကျေးရွာအတွင်းရှိနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့၀င်များက မေလ  ၁ ရက်နေ့မှစပြီး မီးရှို့ဖျက်ဆီးကြောင်း ဒေသခံပြည်သူများ၏ပြောကြားချက်အရသိရသည်။

အရှေ့စည်းကျေးရွာတွင် နေအိမ်ပေါင်း (800)ကျော်ရှိပြီ ဧပြီလ (၂၇)ရက်နေ့မှစပြီး စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များအကြားတိုက်ပွဲဖြစ်ရေးပွားခဲ့ပြီးဒေသခံပြည်သူများ မြစ်သာမြစ်တစ်ဖက်ကမ်းရှိတောတောင်များတွင် စစ်ဘေးရှောင်နေကြရကြောင်းသိရသည်။

ဧပြီလ (၂၇)ရက်နေ့တိုက်ပွဲအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များက လက်နက်နှင့်ကျည်ဆံများသိမ်းဆည်းရမိခဲ့ပြီး စစ်ရေးအရ အထိနာနေသည့်စစ်ကောင်စီတပ်ဖွဲ့များသည် ဧပြီလ (၃၀) ည‌ပိုင်းမှ စတင်၍  အရှေ့စည်းရွာသို့ လက်နက်ကြီးများဖြင့် တစ်ညတာလုံး မရပ်မနား ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မေလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် အရှေ့စည်းရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွာအတွင်းရှိ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံမှသိရသည်။

အဆိုပါမီးရှို့ဖျက်ဆီးမှုကြောင့် အရှေ့စည်းကျေးရွာအတွင်းရှိနေအိမ် အကုန်နီးပါး မီးရှို့ခံရပြီး ‌စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့်ပြည်သူ့ကာကွယ်ရေးတိုက်ဖွဲ့၀င်များအကြားဖြစ်ပွားသည့်တိုက်ပွဲများကြောင့်  ရေရှင်ရွာမှ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ကျဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး ဒဏ်ရာပြင်းထန်စွာရရှိထားပြီးအလားတူ ‌အရှေ့စည်းရွာတွင်လည်း ပြည်သူ ၁ ဦး လက်နက်ကြိးထိမှန် ဒဏ်ရာရရှိထားကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့၀င်များသည် စစ်ကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကို နယ်မြေစိုးမိုးနိုင်ရန်ကြိုးစားလျက်ရှိပြီး အင်တာနက်လိုင်းများဖြတ်တောက်ထားကာ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေ‌သောကြောင့်တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ကြောင်းသိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...