AA နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံ ရခိုင် ၂၄ ဦး အမှု ဇူလှိုင်လ ၂ ရက်နေ့သို့ ရုံးချိန်းရွှေ့

AA နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးခံ ရခိုင် ၂၄ ဦး အမှု ဇူလှိုင်လ ၂ ရက်နေ့သို့ ရုံးချိန်းရွှေ့
by -
နိရဥ္စရာ
 ကျောက်တော်ရဲစခန်းတွင် ရခိုင်အမျိုးသား၂၄ ဦးကို ဇွန်လ ၁၉ ရက်နေ့က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- နိရဥ္စရာ)
ကျောက်တော်ရဲစခန်းတွင် ရခိုင်အမျိုးသား၂၄ ဦးကို ဇွန်လ ၁၉ ရက်နေ့က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- နိရဥ္စရာ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရဲစခန်းတွင် ရက္ခိုင့်တပ်မတော် AA နှင့် ဆက်နွယ် ပတ်သက်မှုရှိသည်ဆိုသည့် သံသယဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ရခိုင်အမျိုးသား ၂၄ ဦး၏ အမှုကို စစ်ဆေးရန် ဇူလှိုင်လ ၂ ရက်နေ့သို့ ထပ်မံ ရုံးချိန်းပေးလိုက်သည် ဟု ကျောက်တော် ဒေသခံ ဦးနိုင်ထွန်းက ပြောသည်။

ဇွန်လ ၁၉ ရက်နေ့က သူတို့အား ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် ထိုသို့ ထပ်မံ ရုံးချိန်း  ချိန်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ် ပတ်သက်မှုဖြင့် ဖမ်းဆီးခံရသူ ၃၂ ဦးရှိပြီး ယင်းအထဲမှ မြိုလူမျိုး ၈ ဦးကို တစ်စုံတစ်ရာ အမှု စစ်ဆေးခြင်း မရှိဘဲ ပြန်လည် လွှတ်ပေးခဲ့သည်။

ယင်းကဲ့သို့ မြိုလူမျိုး ၈ ကို လွှတ်ပေးခဲ့ပြီး သူတို့နှင့်အတူ တစ်အုပ်စုတည်း အဖမ်းခံရသော ရခိုင်သုံးဦးကိုမူ ပြန်လည် လွှတ်ပေးခြင်း မရှိသဖြင့် တရားဥပဒေမှာ တပြေးညီတည်း မရှိဘဲ လူမျိုးရေးအရ ဘက်လိုက်မှု ရှိသည်ဟု ဆိုကာ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

”မြိုလူမျိုး ၈ ဦးအတူ အဖမ်းခံရတဲ့ အထဲမှာ ရခိုင် သုံးဦးပါတယ်။ မြိုတွေကျတော့ တရားမစစ်ဘဲ လွှတ်ပေးလိုက်တယ်။ ရခိုင်တွေကျတော့ ထိန်းသိမ်းထားတယ်။ ဒါက တရားဥပဒေအရ တစ်ပြေးညီ မဖြစ်ဘူးပေါ့နော်။ ဘက်လိုက်သလို ဖြစ်နေတယ်လို့ ဦးဇင်းတို့ ခံစားရပါတယ်” ဟု ဦးဇင်းတစ်ပါးက မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား ၂၄ ဦးအား ရုံးထုတ်သည့်နေ့က ကျောက်တော်မြို့တွင် ဆရာတော်များနှင့် လူမှုရေး လုပ်ဆောင်သူများမှ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရဲက တားမြစ်သဖြင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် စီစဉ်သူ တစ်ဦးက ပြောသည်။

သို့အတွက် သတင်းစာရှင်းလင်းပွဲအစား တွေ့ဆုံပွဲ တစ်ခုကို ယင်းနေ့က ကျောက်တော်မြို့ မြို့မရွှေကျောင်းတွင် ပြုလုပ်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ စစ်တွေမြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ စိတ်ဝင်စားသူ ၆၀ ဦးခန့် တက်ရောက်ခဲ့သည်။

“ဒီလိုမျိုးတွေ့ဆုံပွဲလုပ်တဲ့အခါမှာ အစိုးရကို ဆန့်ကျင်ဘက်မဖြစ်ရအောင် စကား အပြောအဆို ထိန်းထိန်းသိမ်းသိမ်း ရှင်းလင်းပြောကြားစေလိုပါတယ်။ ပဋိပက္ခမဖြစ်ရအောင် မပေါက်ကွဲကြဖို့လိုပါတယ်”ဟု မြို့မရွှေကျောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

 ကျောက်တော်ရဲစခန်းတွင် ရခိုင်အမျိုးသား၂၄ ဦးကို ဇွန်လ ၁၉ ရက်နေ့က ရုံးထုတ်လာစဉ် (ဓာတ်ပုံ- နိရဥ္စရာ)

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...