စာသင်ကျောင်းများတွင် အားကစားထောက်ကူပစ္စည်းများပေးရန် စီစဉ်နေ

စာသင်ကျောင်းများတွင် အားကစားထောက်ကူပစ္စည်းများပေးရန် စီစဉ်နေ
by -
အောင်မြတ်သူ
စာသင်ကျောင်းများတွင် အားကစားထောက်ကူပစ္စည်းများပေးရန်စီစဉ်နေပြီး ကျောင်းများတွင် တစ်ပတ်လျှင်နှစ်ချိန်ခန့် အားကစားချိန်ကိုထည့်သွင်းပေးရန် ပညာရေးဝန်ကြီးဌာနသို့ စာပို့ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုသည်။

ဇူလိုင်လ ၂၆ရက်နေ့က နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင်ပြုလုပ်သော အားကစားနှင့် ကာယပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး ၊ပြည်နယ် ညွှန်ကြားရေးမှူးများ၊ မြို့နယ်အားကစားမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

“အခုဒီခေတ်မှာက ကျောင်းတွေမှာ ဘောလုံးကွင်း၊ ဘက်စကက်ဘောကွင်း တွေရဖို့ရာက သိပ်မလွယ်ဘူ၊ မလွယ်တဲ့ခါကြတော့ ကျောင်းတွေ မှာ အခုကျွန်တော် ဘာစဥး်စားလဲဆိုတော့ Table Tennis တွေပေးမယ်၊ နောက်နှစ်ဘတ်ဂျက်မှာ ကျွန်တော်တို့ထဲကနေပေးမယ်။ ရက်ကက်တွေရယ်၊ ပိုက်တွေရယ်၊ဖြစ်နိုင်ရင်တော့ တချို့ကျောင်းတွေမှာ ဘက်စကက်ဘောနဲ့ဘောလီဘောအတွက် ၊တချို့ခြင်းလုံးလည်းရတယ် သူတို့ Exercise ဖြစ်အောင်လုပ်ဖို့အဲ့ဒါတွေကို ကျွန်တော်တို့စဉ်းစားမယ်။ အဲ့တာတွေကို ကျွန်တော်တို့ တိုးတောင်းမှာပါ ၊ အဲ့လို ရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် ယခင်ကလို ကျောင်းသားအားကစား ပွဲတော်များ ပြန်လည်ဖြစ်မြောက်လာစေရန်လည်း ပညာရေးဝန်ကြီး ဌနာနှင့်ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ရမည်ဟု အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမျိုးလှိုင်က မီဒီယာများကို ပြောသည်။

“ကျောင်းသားအားကစားပွဲလုပ်ဖို့ဆိုတာ ကျွန်တော်တို့က အဓိက ပညာရေးနဲ့ပေါင်းပြီးတော့ လုပ်ရမှာကျွန်တော်တို့ အားကစားဘက်ကလိုအပ်တဲ့ အဖွဲ့ချုပ်တို့နဲ့ ပေါင်းပြီးတော့နည်းြ့ပတွေကူညီပေးမယ်၊ ဒိုင်တွေကူညီပေးမယ်၊နောက်တစ်ခုက ပြိုင်ပွဲရေးဆွဲရေးစီမံချက်တွေ ဆောင်ရွက်ပေးမယ်၊ အားကစားကွင်း အားကစားရုံလည်း အသုံးပြုခွင့်ပေးမယ်” ဟု ဦးမျိုးလှိုင်က ဆိုသည်။

ဒါ့အပြင် အခြေခံပညာအဆင့်ကျောင်းများကို ထိုကဲ့သို့ လုပ်ဆောင်ပေးပြီးတာနဲ့ ယခင်ကလိုပဲ တက္ကသိုလ်ပေါင်းစုံပါ၀င်သည့် ကျောင်းသား အားကစားပွဲတော်များကိုလည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဦးမျိုးလှိုင်ကဆက်လက်ပြောသည်။

“အခြေခံပညာအဆင့်ပြီးတာနဲ့ ကျွန်တော်တို့က တက္ကသိုလ်အဆင့်ကိုလည်း အရင်တုန်းက တက္ကသိုလ်ပေါင်းစုံ ကျောင်းသား အားကစားပွဲတော်တွေရှိခဲ့တယ်။တက္ကသိုလ်အဆင့်ပွဲတော်တွေ ရှိခဲ့တယ်၊ အဲဒါတွေကို ကျွန်တော်တို့ ပြန်လုပ်ပေးရမယ်၊ အားကစားဘက်ကတော့ အမြဲတမ်းပဲ။ နည်းပြတွေ အားကစားကွင်းရုံတွေ၊ အားကစားပစ္စည်း အထောက်အပံ့တွေပေါ့ ။ ဒါတွေကို အမြဲတမ်း ပ့ံပိုးပေးပြီးတော့ လေ့ကျင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟုဆိုသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...