နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင် နှောင့်နှေးမှုများ ရှိနေ

နိုင်ငံကူးလက်မှတ် လုပ်ဆောင်ရာတွင် နှောင့်နှေးမှုများ ရှိနေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ မြို့တော်တောင်ကြီးတွင် နိုင်ငံကူးလက်မှတ် (Passport) များ ထုတ်ပေးနေသော်လည်း နှောင့်နှေးကြန့်ကြာမှုများ ရှိနေဟု ဒေသခံများက ပြောသည်။

တောင်ကြီးမြို့ရှိ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးသည့်နေသည်မှာ အာဏာသိမ်းပြီး ကတည်းက ဖြစ်သော် လည်း လက်ရှိအချိန်အထိ ရုံးဝန်ထမ်းဦးရေနှင့် နိုင်ငံကူးလက်မှတ် ပြုလုပ်သူဦးရေ မမျှသောကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ရှိနေခြင်း ဖြစ်သည်ဟု သိရသည်။

ညောင်ရွှေမှ တောင်ကြီးတွင် နိုင်ငံကူးလက်မှတ် လာလုပ်သူ တစ်ဦးက “ကျနော် မနေ့ကတည်းက လာတာ။ ဖောင် တင်မယ်ဆိုတော့ လူပြည့်သွားပြီတဲ့။ အိမ်က ညောင်ရွှေမှာဆိုတော့ လည်း ထပ်လာရတာ အဆင်မပြေဘူး။ ဓါတ် ဆီဈေးနဲ့ စားစရိတ်က အတော်ကုန်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ (တောင်ကြီး) တွင် နိုင်ငံကူးလက်မှတ်များကို နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီ အချိန်ထိ တစ်နေ့လျှင် လူဦးရေ (၁၀၀) အား နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးနေပြီး လူ တစ်ဦးလျှင် နိုင်ငံကူးလက်မှတ် အမျိုးအစားပေါ် မူတည်၍ ကျပ်ခြောက်သောင်းကျော် ကုန်ကျသည်ဟု သိရ သည်။

ထို့အပြင် နိုင်ငံကူးလက်မှတ် လာလုပ်သူများမှာ တောင်ကြီးမြို့ပေါ်က လူများသာမက ရှမ်းပြည်နယ်တောင်ပိုင်း တစ်ခုလုံးက ဖြစ်၍ တစ်နေ့လျှင် အနည်းဆုံး လူ ၂၀၀ ခန့်  ရှိနေသည်ဟု နိုင်ငံကူးလက်မှတ် သွားလုပ်သူများက ဆိုသည်။

တောင်ကြီးရုံးခွဲတွင် နိုင်ငံကူးလက်မှတ် ကိုယ်တိုင် လုပ်နေကြသူများမှာ ရုံးတွင် စာရွက်စာတမ်းများ တင်ရန်ပင် အချိန် ၂ ရက် ကြန့်ကြာနေပြီး လက်မှတ်ထုတ်ရန်လည်း အချိန်များစွာ စောင့်ဆိုင်းရသည်ဟု မြို့ခံများက ပြော သည်။ သို့သော်လည်း ပွဲစားဖြင့် ပြုလုပ်သူများမှာ အချိန်တိုအတွင်း ရသည်ဟု နိုင်ငံကူးလက်မှတ် ပြုလုပ်နေသည့် လူငယ်တစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ်လုပ်ပေးသည့် ပွဲစားများမှာ အဆိုပါ ရုံးက ဝန်ထမ်းများနှင့် လာဘ်ပေး/လာဘ်ယူ ပြုလုပ်၍ ပွဲစား များနှင့် မလုပ်ကြသည့်သူများ၏ အလှည့်များကို ကျော်ကာ လုပ်နေကြသည့်အတွက် ကိုယ်တိုင် သွားလုပ်ကြ သည့်သူများက အချိန်နှောင့်နှေး ကြန့်ကြာနေခြင်း ဖြစ်သည်ဟု နိုင်ငံကူးလက်မှတ်သွားလုပ်သူများက ပြောသည်။

ဖောင်ဖြည့်နေသည့် လူငယ်တစ်ဦးက “ပွဲစားတွေလာရင် တစ်ခါတည်း အခန်းထဲ (၄) ယောက် ခေါ်ဝင်သွားတယ်။ ပွဲစားတွေက အလှည့် မစောင့်ရပဲ လူတစ်ရာထဲ နေ့တိုင်းပါတယ်။ ကျနော်က မနေ့ကလည်း မပြီးဘူး။ ဒီနေ့လည်း နေ့လည်စာ မစားရသေးဘူး။ သွားစားလိုက်တာနဲ့ နာမည်ခေါ်လို့ ကိုယ်မရှိရင် နောက်ရက် ထပ်ကူးမှာစိုးလို့” ဟု ပြောသည်။

ရန်ကုန်မြို့တွင်လည်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် တစ်ရက်လူဦးရေ (၂၅၀၀) ပြုလုပ်ပေးလျက် ရှိရာ အွန်လိုင်း တိုကင်စနစ် ဖြစ်သောကြောင့် တိုကင်များ အဆင်မပြေ ဖြစ်နေကြသည့်အတွက် အများစုမှာ ပွဲစား လက်သို့ အပ်ပြီး လုပ်နေရသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။

တောင်ကြီးရုံးခွဲတွင် လာရောက်ပြုလုပ်ကြသည့် နိုင်ငံကူးလက်မှတ် အမျိုးအစားများမှာ ကုမ္ပဏီအလုပ်အတွက် သွားရောက်သည့် PV အမျိုးအစားနှင့် သာမာန်အလုပ်များ သွားရောက်လုပ်ကိုင်ကြသည့် PJ အမျိုးစားတို့ အများ ဆုံး ဖြစ်သည်ဟု သိရသည်။ ၎င်းတို့မှာ မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့်သူများ ဖြစ်ကြ၍ အချို့မှာ ထိုင်းနိုင်ငံသို့ သွားရောက်ကြမည့် သူများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးသည့် အချိန်မှစ၍ ကုန်ဈေးနှုန်းများ အဆ မတန်ဈေးတက်ပြီး ပြည်တွင်း အလုပ်အကိုင် ရှားပါးလာမှုကြောင့် နိုင်ငံခြားသို့ အလုပ်သွားရောက် လုပ်ကိုင်သူ များ၊ နိုင်ငံခြားသို့ သွားရောက် ပညာသင်ကြားသူများနှင့် နိုင်ငံရေး ခိုလှုံသူများကြောင့် နိုင်ငံကူးလက်မှတ် ပြုလုပ် သူ များလာခြင်း ဖြစ်သည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...