ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ် ကြောင်း ရှေ့နေထံမှသိရသည်။

၎င်းတို့နှစ်ဦးကို မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်နှင့်ဆက်စပ်မှုရှိသည်ဟုဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီး နေဇော်ထက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် အမှုကို အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

"လာမယ့်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှာဖြစ်တယ်။ နောက်ရုံးချိန်းကတော့ မေလ ၂၀ ရက်နေ့ပါ။ အဲဒီနေ့မှာ အမိန့်ချမှာဖြစ်တယ်"ဟု ရှေ့နေကဆိုသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့မှာ လူမှုရေးတက်ကြွလှုပ်ရှားသူများဖြစ်ပြီး PDF နှင့်ဆက်စပ်သည်ဟုဆိုခြင်းမှာ မဟုတ်မှန်ကြောင်း တရားခွင်တွင် ထွက်ဆိုထားသည်။

ရခိုင်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)များမရှိသော်လည်း PDF နှင့် ဆက်စပ်သည်(သို့မဟုတ်)ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၁၀ ဦးထက်မနည်းရှိသည်။ ယင်းတို့အနက် မြောက်ဦးမြို့နယ်မှ အမျိုးသားတစ်ဦး၊ သံတွဲမြို့နယ်မှ အမျိုးသမီး ၃ ဦးနှင့် တောင်ကုတ်မြို့နယ်မှ အမျိုးသမီးတစ်ဦးတို့မှာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရသည်။

Most read this week

စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...