စစ်တွေတွင် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်

စစ်တွေတွင် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဖွင့်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အသေးစားစက်မှုလက်မှုဦးစီးဌာနမှ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချနေသည်ဟု စက်မှုအသေးစားဦးစီးဌာနမှသင်တန်းပြဆရာမ ဒေါ်ဥမ္မာထွန်း က နိရဥ္စရာသို့ပြောသည်။

၎င်းသင်တန်းတွင် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျံုနှင့် သီးနှံများမှ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်းများကို သင်ကြားပို့ချနေခြင်း ဖြစ်ကြောင်း သိရသည်။

'' ဒီသင်တန်းမှာ ဆန်နှင့် မုန့်ဖုတ်နည်း၊ ဂျယ်လီလုပ်နည်း၊ သစ်သီးယိုလုပ်နည်း၊ ဖျော်ရည်လုပ်နည်း၊ သစ်သီးဝိုင်လုပ်နည်း အမျိုးပေါင်း ၃၂ မျိုးလောက် သင်ကြား ပေးနေပါတယ်'' ဟု ဒေါ်ဥမ္မာထွန်းက ပြောသည်။

၎င်းအပြင် ရခိုင်ပြည်နယ်ကျေးလက်ဒေသမှ ထွက်နှုန်းများသည့် ဆန်များဖြင့် မုန့်ဖုတ်နည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို ပြုလုပ်နည်းကိုလည်း သင်ကြားပေးသည်ဟု သူမကဆက်လက်၍ ပြောဆိုသည်။

သင်တန်းကာလ ၁၀ရက်အတွင်း စားသောက်ကုန်လုပ်ငန်း ၃၀ကျော်ခန့်ကိုလည်း တတ်မြောက်အောင်သင်ကြားပေးသွားမည်ဟု ပြောဆိုသည်။

''ကိုယ့်အတွက် အိမ်မှုကိစ္စတွေလိုမျိုးဘဲ သင်တန်းတက်ပြီး တစ်ပိုင်တစ်နိုင် အလုပ်လုပ်နိုင်သလို အကြီးစားစီးပွားရေးလည်း လုပ်ချင်လုပ်နိုင်တယ်လေ။ ဘဝအတွက် အထောက်အကူဖြစ်လို့တက်တာပါ'' ဟု စစ်တွေမြို့ဘောက်သီးစုရပ်ကွက်မှ သင်တန်းတက်ရောက်သည့် သင်တန်းသားတစ်ဦးကပြောသည်။

အဆိုပါ သင်တန်းတက်ရောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရစေလိုသည့် ရည်ရွယ်ချက်လည်းရှိသည်ဟု သင်တန်းပြဆရာမ မှပြောသည်။သင်တန်းကို အခမဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...