မူဆယ်တွင် တိုက်ပွဲအပြီး စစ်ကောင်စီနဲ့ TNLA. ဆက်လက်တင်းမာလျက်ရှိ

မူဆယ်တွင် တိုက်ပွဲအပြီး စစ်ကောင်စီနဲ့ TNLA. ဆက်လက်တင်းမာလျက်ရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မော်တောင်း ကျေးရွာအနီး အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့ သည့် စစ်ကောင်စီတပ်နှင့် တအန်း (ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက် ပွဲမှာ ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုများ ဆက်ရှိနေသေးသည့် ရွာသားများ စိုးရိမ်နေကြသည်။

ဧပြီလ ၄ ရက်နေ့ က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲအတွင်း နှစ်ဖက်တပ်များဘက်က ထိခိုက်ကျဆုံးမှုများ ရှိခဲ့ သည့်အပြင် စစ်တပ်က ပေါ်တာအဖြစ် လမ်းမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရှမ်းလူငယ် နှစ်ဦးလည်း တိုက်ပွဲ အတွင်း လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားခဲ့ရသည်။

ဒေသခံရွာသားတစ်ဦးက “မနက် ၆ နာရီကနေ ညနေ ၆ နာရီလောက်အထိ သူတို့တိုက်ပွဲဖြစ်ကြတာ အဲ့ဒီနေရာ မှာ။ မော်တောင်းကနေ နည်းနည်းကျော်သွားတယ်။ အဲ့ဒီနားက လမ်းနေရာမှ ဖြစ်သွားတာ။ သေသွားတဲ့လူနှစ် ယောက် ကားဆရာလိုလို ဘာလိုလိုပြောတယ်။ သေချာတော့ မသိဘူး။ စစ်သားတွေက ခေါ်လာတာလို့ပြော တယ်။ အခုက အဲ့နားမှာက စစ်သားတွေရှိထားတယ်။ ကျနော်တို့လည်း ဘယ်မှ မထွက်ရဲဘူး။ တအန်းစစ်သား တွေက တောင်ပေါ် ဘက်ကို လှည့်သွားပြီ။ အခုကျတော့ ကျနော်တို့ရွာကလည်း ထွက်လည်း မထွက်နိုင်ဘူး ဖြစ် နေတယ်။ ရွာထဲမှာပဲ အကုန်လုံးနေနေကြတယ်။ မငိုင်ရွာရော၊ မော်တောင်းရွာရောပေါ့။ ဘယ်သူမှ မထွက်ရဲကြ ဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ် လက်အောက်ခံ တပ်မ ၉၉ နှင့် တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ မူဆယ်မြို့နယ်၊ မော်တောင်းနှင့် တာလုံအကြားတွင် နှစ်ဖက်ထိပ်တိုက်တွေ့ပြီး မေလ ၄ ရက်နေ့က တနေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒုတိယ ဗိုလ် မှူးကြီးမိုင်းအိုက်ကျော်က ပြောသည်။

“မနေ့က ဒီလမ်းမပေါ်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်တာပေ့ါနော်။ ကျနော်တို့ လမ်းမကို ဖြတ်ကူးတဲ့အချိန် သူတို့လည်း စစ်ယာဉ်တန်းနဲ့လာတဲ့အချိန် တွေ့ပြီး ထိတွေ့တိုက်ခိုက်မှု ဖြစ်တယ်။ ထိခိုက်ကျဆုံးမှုကတော့ အသေးစိတ်တော့ မသိရဘူးနော်။ နှစ်ဖက်ထိခိုက်မှုတော့ ရှိတယ်လို့တော့ သိထားတယ်။ စစ်ရေးလှုပ်ရှားမှုက အရင်ကတည်းက သူ တို့က အဲ့နားမှာ သွားလာလှုပ်ရှားမှုရှိတယ်။ စစ်ကောင်စီဘက်ကတော့ တပ်မ ၉၉ လို့သိရတယ်။ ကွတ်ခိုင်၊ နမ့် ခမ်း၊ မူဆယ်တလျှောက် လှုပ်ရှားတာက တပ်မ ၉၉ ဖြစ်တယ်။”

ဒေသအခြေဆိုက် သတင်းဌာနများတွင် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရေးသားဖော် ပြထားကြသော်လည်း သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

သို့သော် အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ရှမ်းတိုင်းရင်းသား လူငယ်နှစ်ဦး သေဆုံးသွားဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် အများအပြား အသုံးပြုပြီး ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားသည့် လူငယ် ၂ ဦးမှာ ရှမ်းလူငယ် များဖြစ်ပြီး တစ်ဦးမှာ ရှမ်းလူငယ်ကွန်ရက် (TYN)ရဲ့ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ သျှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU)၏ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်သည့် စိုင်းစံလှ ဖြစ်တို့ ဖြစ်ကြသည်ဟု သိရသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...