ရခိုင်ပြည်နယ်တွင် ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်နေ့ထိ ကလေးပေါင်း ၃၃၀,၀၀၀ ကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခဲ့

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၂၁ ရက်မှ ၂၅ ရက်နေ့ထိ ကလေးပေါင်း ၃၃၀,၀၀၀ ကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခဲ့
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၂၅ ရက်နေ့ထိ အသက် ၅ နှစ်အောက် ကလေးငယ် ၃၃၀,၀၀၀ ကို ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပြီးပြီဟု ရခိုင်ပြည်နယ် ကျန်းမာရေးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ၅ နှစ်အောက် ကလေးငယ် ၃၇၂၈၃၃ ဦးကို ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးမည်ဖြစ်ရာ ဇူလိုင် ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ ၃၃၀၀၀၀ ကို တိုက်ကျွေးထိုးနှံပြီးပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မှ ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေသည့် တစ်ချို့မြို့များနှင့် ဘင်္ဂလီများပြားသော မြို့များတွင် ထိုးနှံတိုက်ကျွေးမှုများကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်များနှင့် အချက်အချာနေရာများဖြစ်သည့် စျေး၊ သင်္ဘောဆိပ်၊ ကားဂိတ်နှင့် လေယာဉ်ကွင်းနေရာများတွင် ၅ နှစ်အောက် ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်း ထိုးနှံတိုက်ကျွေးမှုများကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ထိ နေ့စဉ် နံနက် ရ နာရီမှ ညနေ ၄ နာရီထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးတာက ကလေး ၂ လသား အရွယ်မှာ တစ်ကြိမ်၊ ၄ လသားမှာ တစ်ကြိမ်နဲ့ ၆ လ သားမှာတစ်ကြိမ် ပြုလုပ်ရပါတယ်။ ၄ လသားအရွယ်မှာတော့ ကာကွယ်ဆေး တိုက်ကျွေးခြင်း အပြင် ပိုလီယို ကာကွယ်ဆေးကိုပါ ထိုးပေးရပါတယ်”ဟု ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းကို တာဝန်ယူနေသည့် သားဖွားဆရာမ ဒေါ်စုဝေလွင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ပိုလီယိုကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ထိုးပေးခြင်း လုပ်ငန်းများကို ရပ်ကွက်နှင့် ကျေးရွာများရှိ သားဖွားဆရာမများက စုရပ်များ သတ်မှတ်ကာ ပုံမှန် ပြုလုပ် ပေးလျက်ရှိပြီး၊ တစ်ချို့က မသိလိုက်၍ ကာကွယ်ဆေးမတိုက်ကျွေးရသေးဘဲ ကျန်ရှိနေခဲ့လျင် အမြန်ဆုံး လာရောက်တိုက်ကျွေးရန် လိုအပ်ကြောင်း ဆရာမက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပိုလီယိုရောဂါ ကင်းစင်သွားပြီဖြစ်သော်လည်း ၂၀၁၅ ခုနှစ်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရကျေးရွာမှ ၂ နှစ် ၆ လသားအရွယ် ကလေးတစ်ဦးနှင့် ၁ နှစ် ၆ လသား အရွယ် ကလေးတစ်ဦးတွင် ပိုလီယိုရောဂါကို တွေ့ရှိခဲ့ရသည်ဟု မြန်မာနိုင်ငံ ကျန်းမာရေးဌာန မှတ်တမ်းများအရ သိရှိရသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...