ဘုတလင်တွင် Non CDM ဝန်ထမ်းအများအပြား ဧပြီအတွက် လစာမရသေး

ဘုတလင်တွင် Non CDM ဝန်ထမ်းအများအပြား ဧပြီအတွက် လစာမရသေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဘုတလင်မြို့နယ် အတွင်းရှိ Non CDM ဝန်ထမ်းများ ဧပြီလအတွက် လစာ မရရှိသေးဟု ဝန်ထမ်းတစ်ဦးက ပြောသည်။

ဘုတလင်မြို့ မြန်မာစီးပွားရေးဘဏ်တွင် လစာ ထုတ်ပေးရန် ငွေမရှိတော့သည့်အပြင် မုံရွာမြို့တွင်  ငွေသွားထုတ် မည် ဆိုပါကလည်း မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်ခန့် ကြုံခဲ့ရသဖြင့် မသွားရဲဘူးဟု ဝန်ထမ်းတစ်ဦး က ပြောသည်။

ဝန်ထမ်းတစ်ဦး က “ငွေသွားသယ်တိုင်း မိုင်းဆွဲခံရတော့ ထပ်သွား မသယ်ရဲကြတော့ဘူး” ဟု ပြောသည်။

ဘုတလင်မြို့က အစိုးရဌာန ၄ ခု ခန့်သာ ဘဏ်စာရင်းရှင်အပ်ငွေ (ငွေသွင်း၊ ငွေထုတ်ခြင်း လုပ်ငန်းစဉ်များအတွက် ကြိုတင်အသိပေး အကြောင်းကြားစရာ မလိုပဲ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်နိုင်သော ဘဏ်စာရင်း အမျိုးအစား) အဖြစ် မုံရွာတွင် ထားထားသည်။

သို့သော် အချို့ဌာနများက ငွေမထုတ်ဘဲ ထားထားကာ အချို့ဌာနများကမှု ဘဏ်စာရင်းထဲတွင် လစာများကို ပြန် သွင်းထားရသည် ဝန်ထမ်းများက ပြောသည်။

လစာထုတ်မပေးနိုင်သေးသည့် ကိစ္စနှင့်ပတ်သက်၍ မြို့နယ် တာဝန်ခံ အဖွဲ့အစည်းများသည် အသိပေး ရှင်းလင်း ထုတ်ပြန်မှု တစုံတရာမရှိသဖြင့် ဝန်ထမ်းများက စိတ်ပျက်နေကြသည်ဟု ဝန်ထမ်းအချို့က ပြောသည်။

ဘုတလင်တွင် မြန်မာ့စီးပွားရေး ဘဏ်ဝန်ထမ်းများသာ ဧပြီလအတွက် လစာရရှိသေးသည်ဟုလည်း သိရသည်။

ဘုတလင်မြို့ကဲ့သို့ ဝန်ထမ်းများကို လစာထုတ်မပေးနိုင်သည့် အခြေအနေကို ဆားလင်းကြီး၊ ပုလဲမြို့နယ်တို့ ဝန် ထမ်းများလည်း ကြုံနေရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုချက်တော့ မရရှိ သေး ပေ။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း ဘုတလင်မြို့ရှိ မြန်မာ့ စီးပွားရေဘဏ်ကို စစ်ကား တစ်စင်းရောက်လာပြီး သံသေတ္တာနှင့် ထည့်ထားသည့် ငွေများယူဆောင်သွားဖူးသည်ဟု မြို့ခံအချို့ က ပြော သည်။

ဘုတလင်မြို့သည် စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင်ရှိ ထင်ရှားသည့် မြို့တစ်မြို့ဖြစ်ပြီး မီးရထားလမ်းအားဖြင့် မုံရွာမြို့နှင့် ၂၂မိုင်၊ ကားလမ်းအားဖြင့် ၂၁မိုင်၊ ရွှေဘိုခရိုင် ရေဦးမြို့နှင့် ကားလမ်းအားဖြင့် ၃၃ မိုင်ခန့် ဝေးသည်ဟု သိရသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...