ကြံများကို နယ်စပ်ခြံစည်းရိုးအား ကရိန်းဖြင့် မကျော်က တင်ပို့နေရ

ကြံများကို နယ်စပ်ခြံစည်းရိုးအား ကရိန်းဖြင့် မကျော်က တင်ပို့နေရ

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်ထားသည့်အပြင် တရုတ်နိုင်ငံဘက်ခြမ်းမှ နယ်စပ်ခြံစည်းရိုးများ အသေတည် ဆောက်ထားလိုက်သည့်အတွက် ကြံစိုက်တောင်သူများ ကြံများကို ကရိန်းများဖြင့် ကျော်၍ တင်ပို့ရောင်းချနေရ သည်ဟု ကြံစိုက်တောင်သူများက ပြောသည်။

ထို့ကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင် မုံးကိုးမြို့က ကြံစိုက်တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင် နေရသည်ဟု ကြံစိုက်တောင်သူများက ပြောသည်။

“ဟုတ်တယ်ဗျ။ အခုက အရမ်းခက်ခဲတယ်။ ကြံခုတ်ချိန်ကလည်းကျော်နေပြီ။ ဒီမှာက ကြံခုတ်ပြီးရင် တောင်ယာ ပြန်လုပ်ကြတာ အခုက တောင်ယာလည်း စိုက်လို့မရဘူး။ ကြံတွေလည်း မခုတ်နိုင်ဘူး။ အခုစခုတ်တာ ၁၀ ရက် လောက်ပဲ ရှိသေးတယ်။ ဂိတ်တွေကလည်း မဖွင့်၊ တိုက်ပွဲကလည်း ပြန်ဖြစ်နေ။ ခြံစည်းရိုးကလည်း အသေပြန် ဆောက်လိုက်တော့ အရမ်းခက်သွားပြီ။ အခုက နယ်စပ်စည်းရိုးအထိ ကားနဲ့သွားတယ်နော်။ ပြီးရင် အလှည့်ကျ ကရိန်းနဲ့ တရုတ်ဘက်ခြမ်းကို ပြန်ပို့။ ကားတစ်စီး အလှည့်ရဖို့ဆို တပတ်လောက်ကြာတယ်” ဟု မုံးကိုးမြို့က ကြံစိုက်တောင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ နယ်စပ်စည်းရိုးကို တရုတ်နိုင်ငံဘက်က COVID-19 ရောဂါဖြစ်ပွားလာသည့်နောက် အသေတည်ဆောက် လိုက်ရာ ကြံစိုက်တောင်သူများ ကြံတင်ပို့ရန်အတွက် ကရိန်းကို အသုံးပြုနေရ၍ ခက်ခဲစွာ တင်ပို့နေရသည်ဟု မုံး ကိုးမြို့က ကြံစိုက်တောင်သူများက ပြောသည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် မုံးကိုးမြို့တစ်လျှောက်က နယ်စပ်ခြံစည်းရိုးကို အပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မုံးကိုးမြို့ခံ တစ်ဦးက “ဒီနှစ် တရုတ်က ခြံစည်းရိုးကာထားတော့ ကရိန်းနဲ့ဘဲ ကြံကိုပို့နေရတယ်ဆိုတော့ အချိန် အရမ်းကြာတယ်လေ။ အရင်နှစ်တွေကို ကြံသွားပို့ရင် တစ်ရက်တောင် မကြာတဲ့ဟာ ဒီနှစ်က ၃ ရက်ကျော်ကြာ နေတာ။ အခုဆို မုံးကိုးဘဲ မဟုတ်ဘဲနဲ့ တခြားမြို့ကရောလာတော့ မြို့ထဲမှာ ကြံကား ၂၀၀ကျော် တန်းစီစောင့် နေကြရတာ” ဟု ပြောသည်။

အလားတူ လက်ရှိ ကြံတင်ပို့သည့်ကာလတွင် ပန်းဆိုင်မြို့ရှိ ကျင်စန်းကျော့ဂိတ်ကို တရုတ်နိုင်ငံဘက်ခြမ်းက ဆက်ပိတ်ထား ဆဲ ဖြစ်သည်ဟု သိရသည်။

ထိုသို့ ကြံများကို ကရိန်းနှင့် တဖက်နိုင်ငံသို့ တင်ပို့ရသည့်အတွက် အချိန်ကြန့်ကြာမှုများ ရှိနေပြီး ပန်ဆိုင်းမြို့က ကျင်စန်းကျော့ဂိတ်ကိုပါ ပိတ်ထားသည့်အတွက် မူဆယ် ၅၀၅ မိုင်၊ ပန်ဆိုင်းနှင့် မုံးကိုးက ကြံကားများ မုံးကိုးမြို့ ပေါ်တွင် ကားအစီးရေ ၂၀၀ ကျော် စုပုံတန်းစီနေသည်ဟု မုံးကိုးမြို့ခံက ဆက်ပြောသည်။

နှစ်စဉ် မတ်လတွင် တရုတ်နိုင်ငံကို ကြံတင်ပို့ကြရာ ယခုနှစ်တွင် တရုတ်နိုင်ငံဘက်ခြမ်းက COVID-19 အကြောင်း ပြချက်ဖြင့် နယ်စပ်ဂိတ်များကိုပိတ်ထညးပြီး ကြံအပြင် မြန်မာနိုင်ငံဘက်ခြမ်းက သစ်သီးဝလံများနှင့် အခြားစား သောက်ကုန် တင်ပို့မှုများကို ရပ်ဆိုင်းထားခြင်းကြောင့် ကြံစိုက်တောင်သူများသည် အချိန်လွန်ပြီး ဆုံးရှုံးမှုများ ရှိနေသည်ဟု မုံးကိုးဒေသခံက ကြံတောင်သူတစ်ဦးက ပြောသည်။

"ဒီနှစ်က ကြံတင်ပို့ချိန် နောက်ကျတော့ မုံးကိုးမြို့က ကြံခြံတော်တော်များများ အချိန်လွန်လို့ ၅၀ ရာခိုင်းနှုန်း လောက် ဆုံးရှုံးမူတွေရှိတယ်လေ။ နောက်ပြီး တိုက်ပွဲဖြစ်လို့ စစ်ရှောင်နေရတဲ့ ဒေသခံတွေရဲ့ ကြံခြံတွေဆို အလ ကား ဖြစ်ကုန်ပြီ။"

မုံးကိုးမြို့ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာများစုသည်လည်း ကြံစိုက်ခင်းများရှိနေပြီး အဆိုပါ ကြံစိုက်ခင်း တောင် သူများကိုယ်တိုင် စစ်ရှောင်ဘေးတိမ်းရှောင်နေကြသလို စစ်ကောင်စီတက်ကလည်း ထိုနေရာများတွင် ကြံခုတ် ခွင့်မပေးဘူးဟု သိရသည်။

လက်ရှိတွင် ကြံများကို တရုတ်ဘက်ခြမ်းသို့ ကရိန်းများဖြင့် တင်ပို့နေလျှက်ရှိပြီး ကြံ ၁တန်လျှင် ယွမ် ၂၇၀ ခန့်သာ ရသည်ဟု ကြံစိုက်တောင်သူများက ပြောသည်။ ယခင်နှစ်များက ကြံ ၁တန်လျှင် အနည်းဆုံး တရုတ်ငွေ ယွမ် ၃၅၀ ရရှိခဲ့သည်ဟု ဆိုသည်။

ထိုသို့ ကြံစျေး ကျဆင်းနေသည့်အတွက် မူဆယ် ၁၀၅ မိုင်က ကြံကုန်သည်များသည် ဈေးပေါပေါနှင့် လားရှိုးခရိုင် မိုင်း ယော် တိုက်နယ်အတွင်းရှိ ကြံစက်ရုံအသစ်သို့ တင်ပို့ရောင်းချနေသူများလည်း ရှိနေသည်ဟု မူဆယ် ၁၀၅ မိုင်က ကြံကုန်သည်အချို့က ပြောသည်။

အဆိုပါ အခြေအနေများကြောင့် ကြံကုန်သည်များသည် ပန်ဆိုင်းရှိ ကျင်စန်းကျော့ဂိတ်မှ ကြံများ တရုတ်နိုင်ငံ ဘက်ခြမ်း တင်ပို့နိုင်ရေး တောင်းဆိုနေကြသည့်အပြင် မုံးကိုးနှင့် တရုတ်နိုင်ငံ အကြားရှိ နယ်စပ်ကုန်သွယ်ရေး ဂိတ်ကိုလည်း ပြန်လည် ဖွင့်လှစ်ပေးရန်လည်း တောင်းဆိုနေကြသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...