လုံခြုံရေး သင်တန်းတက်ရန် ရပ်ရွာများတွင် လူတောင်း

လုံခြုံရေး သင်တန်းတက်ရန် ရပ်ရွာများတွင် လူတောင်း

ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများမှ ပြည်သူများအား ရပ်ရွာလုံခြုံရေးအတွက် သင်တန်းတက်ရန် စစ် ကောင်စီတပ်က လူတောင်းနေသည်ဟု သိရသည်။

ကျောက်ဆည်ခရိုင်အတွင်းက ကျေးရွာများမှ ရပ်ရွာလုံခြုံရေးအတွက် သင်တန်းပေးမည် ဆိုသည့် ခေါင်းစဉ်ဖြင့် တစ်ရွာလျှင် လူအယောက် ၂၀ စီ ပေးရန် စစ်ကောင်စီ မေလ ၁ ရက်နေ့မှ စ၍ တောင်းနေသည်ဟု ကျေးရွာအုပ်ချုပ် ရေးမှူးများက ပြောသည်။

“ပထမကိုယ့် ရပ်ရွာကိုယ် ကာကွယ်ရမယ်လို့ပဲ သိရတာ။ အောက်ခြေမှာ အသေးစိတ် ဘာမှမသိရဘူး။ ရပ်ရွာ လုံ ခြုံရေး အတွက် သင်တန်းပေးမယ်။ ထောက်ပံ့ကြေးပေးမယ်။ တချို့နားမလည်တဲ့သူကျ သမားရိုးကျတွေးပြီး ကိုယ့်ရပ်ရွာကာကွယ်ဖို့ပဲပေါ့ ဆိုပြီးစာရင်းပေးကြတယ်။ တချို့နားလည်သူကျတော့လည်း အုပ်ချုပ်ရေးမှူးတွေနဲ့ အတွေ့မခံဘဲရှောင် ထွက်သွားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရပ်ရွာလုံခြုံရေးအတွက် ရွာတစ်ရွာလျှင် လူ အယောက် ၂၀ ပေးရန် စစ်ကောင်စီက တောင်းခံလာသည့်အတွက် ကျေး ရွာအုပ်ချုပ်ရေးမှူးများက ရပ်ရွာများအတွင် မေလ ၁ ရက်နေ့မှ စတင်၍ စာရင်းလိုက်ကောက်နေသည်ဟု သိရ သည်။

ဧပြီလ ၂၉ ရက်နေ့မှ စတင်၍ စစ်ကောင်စီတပ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများ အစည်းဝေးပြုလုပ်ခဲ့ပြီးနောက် ရပ် ရွာကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ကောင်စီက သင်တန်းပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းအတွက် လို အပ်သည့် ထောက်ပံ့ကြေးလည်းပေးမည်ဟု ဆိုပြီး တံတားဦးမြို့နယ်ထဲက ကျေးရွာများအားလုံးကို လူ ၂၀ စီ စာရင်းကောက်ခံခိုင်းထားခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

ကျောက်ဆည်ခရိုင် အတွင်းက တံတားဦးမြို့နယ်ထဲတွင် ကျေးရွာအုပ်စု ၆၄ အုပ်စုရှိပြီး တစ်အုပ်စုလျှင် ကျေးရွာ ၃ ရွာစီ ရှိကာ အဆိုပါရွာများမှ အုပ်ချုပ်ရေးမှူးများအား စာရင်းကောက်ခံနေခြင်း ဖြစ်သည်။

လူဦးရေစာရင်းအား မေလ ၅ ရက်နေ့ အပြီးပေးရန် ညွန်ကြားထားသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

“ရပ်ရွာက သူတို့မရှိရင် ပြဿနာမရှိဘူး။ ရပ်ရွာတွေမှာ သူတို့မရှိရင် လုံခြုံတယ်။  ဘာပြောပြော ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အခုဟာက ပြောရမယ်ဆို ပျူစောထီးဖွဲ့တာပဲလေ။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာ ရင် နားမလည်တဲ့ သူတွေပဲ နစ်နာမှာ” ဟု ရွာသားတစ်ဦးက ပြောသည်။

ကျောက်ဆည်ခရိုင်အတွင်း လူစာရင်းလိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို တာဝန်မယူဘူးဟု ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် နဂါးနီ ပြောက်ကျား တပ်ဖွဲ့ ကလည်း မေလ ၂ ရက်နေ့(ယနေ့) တွင် ထုတ်ပြန်ကြေညာ ထားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ကျောက်ဆည်ခရိုင်၏ အနောက်အလယ်ပိုင်းမှ ဖြတ်သန်းသွားပြီး အဆိုပါ လမ်းမကြီးပေါ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ တပ်၏ စစ်ယာဉ်တန်းများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရမှုများ ရှိနေသည်ဟု ကျောက်ဆည် ဒေသခံများက ပြောသည်။

Most read this week

February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...
February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...