ဘိုကလေး NLD ဒု-ဥက္ကဌ ဖမ်းခံရ

ဘိုကလေး NLD ဒု-ဥက္ကဌ ဖမ်းခံရ

အသက်(၇၃)နှစ်အရွယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဘိုကလေးမြို့နယ် ဒု-ဥက္ကဌကို စစ်ကောင် စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး လိုက်သည်ဟု ဒေသခံများက ပြောသည်။

NLD ပါတီ၏ ဘိုကလေးမြို့နယ် ဒု-ဥက္ကဌဖြစ်သူ ဦးခင်မောင်ချစ်အား ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာတွင် ဧပြီလ (၂၈)ရက်နေ့၊ နေ့လည် (၃) နာရီကျော် အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့်ရဲများက ဖမ်းဆီး လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူကရွာမှာ လာပြီးနေတာ တစ်နှစ်လောက်ရှိပြီ။ ဘိုကလေးမှာ ဖမ်းဝရမ်း ထုတ်ခံထားရတာလို့ ပြောတယ်။ ရဲနဲ့ စစ်သား (၃၀) လောက်ရှိမယ်။ ရွာကိုလာဝိုင်းပြီးဖမ်းသွားတာ” ဟု စက်ဆန်းကျေးရွာမှ မျက်မြင်တွေ့ရှိသူ တစ် ဦး က ပြောသည်။

ဦးခင်မောင်ချစ်သည် ဘိုကလေးမြို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူတစ်ဦး ဖြစ်ပြီး ဆန္ဒပြပွဲများကို ဦး ဆောင်ခဲ့သဖြင့် မြို့နယ်တရားရုံးတွင် အမှုဖွင့်ခံထားရသူဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ဦးခင်မောင်ချစ်နှင့် ရင်းနှီးသူတစ်ဦးတို့သည် အာဏာသိမ်းပြီး တစ်လခန့် အကြာတွင် တရားရုံးမှ ဖမ်းဝရမ်းထုတ်ခံ ထားရသူ (၁၀) ဦး ကျော်ထဲတွင် ပါဝင်သဖြင့် ထိုအချိန်ကတည်းက ရှောင်တိမ်းနေခဲ့ကြခြင်းဖြစ်သည် ဟု နီးစပ်သူ များ၏ ပြောပြချက်အရ သိရသည်။

တရားလွှတ်တော်ရှေ့နေတစ်ဦး က “ခုကတော့ ဦးခင်မောင်ချစ်ကို သဘာဝဘေးစီမံ ပုဒ်မနဲ့ အမှုဖွင့်ပြီး တရားစွဲ ထားတယ်” ဟု ပြောသည်။

ဦးခင်မောင်ချစ်သည် ၈၈ အရေးအခင်းမှ စတင်ကာ ဘိုကလေးမြို့နယ်အတွင်း လူ့အခွင့်အရေးလှုပ်ရှား ဆောင် ရွက်မှုများကို ဦးဆောင်ခဲ့သူများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖျာပုံ အကျဥ်းထောင်တွင် ဘိုကလေးမြို့နယ် အတွင်းမှ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးစီမံ ဥပဒေ များနှင့် ဖမ်းဆီးခံရပြီး တရားစွဲဆိုခံထားရသူ ၁၇ ဦးခန့်ရှိသည်ဟု အကျဥ်းဦးဌာန ဝန်ထမ်းအချို့ထံမှ သိရသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...