ချောင်းကမ်းပါးပြို၍ သံတွဲမြို့နယ် ပုဇွန်ဖြေမေတ္တာဝတီကျောင်းမှ ဘုရားများရွှေ့ပြောင်းရ

ချောင်းကမ်းပါးပြို၍ သံတွဲမြို့နယ် ပုဇွန်ဖြေမေတ္တာဝတီကျောင်းမှ ဘုရားများရွှေ့ပြောင်းရ
by -
နိရဥ္စရာ
နှစ်ကာလအားဖြင့် နှစ်ပေါင်း ၁၅၀ ခန့်ကြာမြှင့်နေပြီ ဖြစ်သော သံတွဲမြို့နယ် ပုဇွန်ဖြေအောက်ရွာ မေတ္တာဝတီကျောင်း သိမ်တော်တွင် ကိန်းဝပ်စံပယ်နေသော ထိုင်တော်မူ ဘုရား ငါးဆူအား ချောင်းကားပါးပြိုရာမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလိုက်ရသည်ဟု မေတ္တာဝတီကျောင်းဆရာတော် ဦးသုမနက နိရဥ္စရာသို့ ပြောသည်။

“ ဇူလိုင်လ ၂၄ ရက်နေ့က ရွှေ့ပြောင်းလိုက်ရတာပါ။ ရွာက လူတွေနဲ့ စုပေါင်းပြီး ရွှေ့ပြောင်းလိုက်ရတာပါ။ အခုတော့ ဘုန်းကြီးကျောင်းဝင်းထဲက ဇရပ်မှာ ယာယီကိန်းဝပ်နေရတာပေါ့ တကာကြီး” ဟု ဆရာတော် ဦးသုမနက ပြောသည်။

ဘုရားများ ကိန်းဝပ်နေသော သိမ်တိုင်သုံးလုံးမှာ ချောင်းရေနှင့် အတူ ပါသွားပြီး ယခုအခါ သိမ်ကိုလဲ ဖြိုလိုက်ရပြီဟု ဆရာတော်က ပြောကြားသည်။

“ ဘုန်းတော်ကြီးကျောင်းနဲ့ ချောင်းကမ်းပါးက လက်တောင် ရ၀ လောက်ဘဲ ရှိပါတော့တယ်။ အရင်ကတော့ အတောင် ၁၅၀ လောက် ဝေးပါတယ်။ အခု ကျောင်းကိုလည်း ရွှေ့ရမယ်လို့ သာသနာရေးမှူးကတော့ ပြောထားပါတယ်” ဟု ပြောသည်။

ပုဇွန်ဖြေချောင်း ကမ်းပါးမှာ နွေရာသီတွင်လည်း ရေတိုက်စားမှုရှိပြီး မိုးရာသီတွင် ကမ်းပါးတိုက်စားမှုက ပိုများကြောင်း၊ သို့အတွက် တစ်ဖြည်းဖြည်းနဲ့ ဘုန်းတော်ကြီးကျောင်း အနီးထိ ရောက်ရှိလာကြောင်း၊ ကျောင်းပြောင်းရွှေ့ရန်မှာ မြေနေရာ အခက်အခဲဖြစ်ကြောင်း၊ မြေတစ်ဧကကို ကျပ်သိန်း ၆၀ ထိ ရှိကြောင်း၊ ပုဇွန်ဖြေ ကျေးရွာမှာ အိမ်ခြေ ၃၀ ခန့်သာရှိတော့၍ မတတ်နိုင်သဖြင့် အကူ အညီများ လိုအပ်ကြောင်း ဆရာတော် က မိန့်ကြားသည်။

စေတနာထက်သန်သူများ အနေဖြင့် အဆိုပါ ကျောင်းနှင့် ပတ်သက်ပြီး ကုသိုလ် ကောင်းမှု ပြုလုပ်လိုပါက ပုဇွန်ဖြေကျေးရွာ မေတ္တာဝတီကျောင်း ဆရာတော် (ဖုန်း ၀၉၂၆၃၇၀၇၁၄၅) သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...