မတူပီမြို့မှ ၁၆ မိုင်အကွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးဟု CDF – Matupi ထုတ်ပြန်

မတူပီမြို့မှ ၁၆ မိုင်အကွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးဟု CDF – Matupi ထုတ်ပြန်

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ၁၆ မိုင်အကွာတွင် ဧပြီလ ၂၈ ရက်နေ့၊ ယမန်နေ့တွင် CDF မတူပီနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကြောင်း CDF – Matupi ကထုတ်ပြန် ထုတ်ပြန်ထားပါသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မတူပီမြို့မှ ကျောက်ထုမြို့သို့ ဧပြီလ ၂၈ ရက်နေ့၊ မနက် ၇ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ယာဉ်တန်းအစီး ၇၀ ဖြင့် ပြန်လည်ထွက်ခွာလာသော စစ်အင်အား ၃၀၀ နီးပါးရှိသော စစ်ကောင်စီ စစ်ကြောင်းနှင့် CDF မတူပီတို့သည် မတူပီ-မင်းတပ် လမ်းမကြီး မတူပီမြို့မှ ၁၆ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားမှ ၇ ဦး သေဆုံးဟု ထုတ်ပြန်ထားပါသည်။

စစ်ကောင်စီတပ်ဖွဲ့မှ မတူပီမြို့နယ်၊ ဝလံတဲရွာတွင်လည်း တစ်အိမ်ဝင် တစ်အိမ်ထွက် မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ၊ အဝတ်အစားများ၊ အကောင်းမှန်သမျှ အကုန်သယ်သွားကြကာ ပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် နွားနောက်၊ ဝက်များကိုလည်း သတ်စားကြကြောင်းနှင့် နေအိမ်၊ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးကြကြောင်း Matupi Revolution News page တွင် ဖော်ပြထားသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...