ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ ၁၆ မိုင်အကွာတွင် ဧပြီလ ၂၈ ရက်နေ့၊ ယမန်နေ့တွင် CDF မတူပီနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကြောင်း CDF – Matupi ကထုတ်ပြန် ထုတ်ပြန်ထားပါသည်။
အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မတူပီမြို့မှ ကျောက်ထုမြို့သို့ ဧပြီလ ၂၈ ရက်နေ့၊ မနက် ၇ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ယာဉ်တန်းအစီး ၇၀ ဖြင့် ပြန်လည်ထွက်ခွာလာသော စစ်အင်အား ၃၀၀ နီးပါးရှိသော စစ်ကောင်စီ စစ်ကြောင်းနှင့် CDF မတူပီတို့သည် မတူပီ-မင်းတပ် လမ်းမကြီး မတူပီမြို့မှ ၁၆ မိုင်အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားမှ ၇ ဦး သေဆုံးဟု ထုတ်ပြန်ထားပါသည်။
စစ်ကောင်စီတပ်ဖွဲ့မှ မတူပီမြို့နယ်၊ ဝလံတဲရွာတွင်လည်း တစ်အိမ်ဝင် တစ်အိမ်ထွက် မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းများ၊ အဝတ်အစားများ၊ အကောင်းမှန်သမျှ အကုန်သယ်သွားကြကာ ပြည်သူပိုင် အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် နွားနောက်၊ ဝက်များကိုလည်း သတ်စားကြကြောင်းနှင့် နေအိမ်၊ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးကြကြောင်း Matupi Revolution News page တွင် ဖော်ပြထားသည်။







