မြန်မာနိုင်ငံထုတ် Myancopharm ကိုဗစ်ကာကွယ်ဆေး တစ်သန်းကို ယခုရက်ပိုင်းအတွင်း ကျန်းမာရေးဝန်ကြီးဌာနထံ အပ်နှံသွားမည်

မြန်မာနိုင်ငံထုတ် Myancopharm ကိုဗစ်ကာကွယ်ဆေး တစ်သန်းကို ယခုရက်ပိုင်းအတွင်း ကျန်းမာရေးဝန်ကြီးဌာနထံ အပ်နှံသွားမည်

မြန်မာနိုင်ငံထုတ် Myancopharm ကိုဗစ်ရောဂါကာကွယ်ဆေး တစ်သန်းကို ကျန်းမာရေးဝန်ကြီးဌာနထံသို့ ဧပြီ ၂၉ ရက်နေ့တွင် စတင်ပေးပို့သွားမည်ဖြစ်ကြောင်း (ဧပြီလ ၂၇ ရက်)က နေပြည်တော်၌ပြုလုပ်သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

“Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကနေ မှတ်တမ်းတင်ထောက်ခံစာရရှိတာဖြစ်ပါတယ်။ ဒီလ ၂၅ ရက်နေ့မှာ ရရှိပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ၂၉ ရက်စပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနကို Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်သန်း စတင်ပေးပို့သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးကို ပြည်တွင်းကနေထုတ်လုပ်ပြီး ပြည်သူတွေကိုလည်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ယခင်ကထက် ပိုမိုထိရောက်စွာဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကာကွယ်ဆေးကို တရုတ်နိုင်ငံမှပညာရှင်နှစ်ဦးက မြန်မာနိုင်ငံသို့လာရောက်ပြီး ကာကွယ်ဆေးထုတ်လုပ်မှု နည်းပညာများကို သင်ကြားလေ့လာပေးခြင်းနှင့် ထုတ်လုပ်မှုကို ကြီးကြပ်ကွပ်ကဲခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ Myancopharm ကိုဗစ်-၁၉ ကာကွယ်ဆေးကို တရုတ်နိုင်ငံ Sinopharm CNBG ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီနှင့် မြန်မာစက်မှုဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်၍ မြန်မာနိုင်ငံ၌ ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့မြန်မာနိုင်ငံတွင် Myancopharm ကိုဗစ်ကာကွယ်ထုတ်လုပ်နေမှုကိုသိရပြီး ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ဆေးအာနိသင်များအကြောင်းကို မသိရသေးကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“မြန်မာနိုင်ငံမှာ Myancopharm အမည်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးထုတ်မယ်ဆိုတာတော့ သိရတယ်။ ဒါပေမဲ့ ဆေးနဲ့ပတ်သက်ပြီးတော့ ဆေးအကြောင်းကို ကျွန်တော်မကြားမိသေးဘူး။ အခုလို ကိုယ့်နိုင်ငံက ကာကွယ်ဆေး ထုတ်နိုင်ရင်တော့ကောင်းတာပေါ့”ဟု ၎င်းကဆိုသည်။

ယခုလို မြန်မာနိုင်ငံက ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်သည်မှာ ပြည်သူများအတွက် များစွာအကျိုးပြုကြောင်း Rakhine Covid Watch မှ ဥက္ကဋ္ဌ ဦးထွန်းလှိုင်ကပြောသည်။

“အခုလို ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်နိုင်တာတော့ ကောင်းတာပေါ့။ ကိုယ့်နိုင်ငံမှာ အခုလိုထုတ်လုပ်နိုင်တာ ပြည်သူတွေအတွက် အများကြီးအကျိုးရှိပါတယ်။ သူများနိုင်ငံမှာထုတ်နိုင်သလိုမျိုး ထုတ်နိုင်တာကောင်းတာပေါ့”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလနှင့် မေလတို့တွင် ကိုဗစ်ကာကွယ်ဆေး ၁၀၀ ရာခိုင်နှုန်းပြည့်မီအောင် ထိုးနှံနိုင်ရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဧပြီလ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...