စစ်ကောင်စီ တပ်များ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားများ ရှောင်တိမ်းနေရ

စစ်ကောင်စီ တပ်များ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားများ ရှောင်တိမ်းနေရ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က ‌လက်နက်ကြီးများ ဖြင့် ပစ်ခတ်နေသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ‌လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ခလယ်‌၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း၊ ပုလိမ်အစရှိသည့် ကျေးရွာများ ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေတိမ်းရှောင်နေကြရခြင်း ဖြစ် သည်။

“နန်းသိုင်းထွန်း၊ ခလယ်၊ တံခွန်တိုင်ရွာတွေ ဆက်နေတော့ ပြေးလည်း အကုန်ပြေးကြတယ်။ ပြီးတော့ နန်းသိုင်း ထွန်းမှာ KNU စခန်းရှိတယ်။ ခလယ်-တံခွန်တိုင်မှာက စစ်တပ်တွေ ရှိနေတော့ ဒီက ပစ်ရင်လည်း ဟိုဘက်မှာ ရွာ တွေ ရှိနေတယ်။ ဟိုကနေ ပစ်ရင်လည်း ဒီဘက်မှာ ရွာရှိနေတော့ မလွတ်ဘူးလေ။ ရွာလုံးကျွတ် ပြေးကြတာ တော့ မဟုတ်ဘူး။ အဓိက ခလေးတွေ လူကြီးတွေ ရှောင်ကြတယ်” ဟု တိမ်းရှောင်နေရသည့် နန်းသိုင်းထွန်း ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီလ ၂၃ ရက်နေ့ နေ့လည်အချိန်ခန့်ကလည်း ခလယ်-တံခွန်တိုင် ရဲစခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက် ကြီး ကျေးရွာထဲကျကာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ခလယ်-တံခွန်တိုင် ရဲစခန်းသည် မုဒုံ-ခလယ် တံခွန်တိုင် လမ်းမ ကြီးပေါ်တွင် တည်ရှိပြီး ရဲစခန်းရှေ့  ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းများက ဥယျာဥ်ခြံလုပ်ကိုင်နေသည့် ဒေသခံအချို့ကိုလည်း လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်များလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

“အခြေအနေကတော့ ဘာမှန်းမသိတော့ သွားတာ လာတာ မလုပ်တာ အကောင်းဆုံးပဲ။ ဖမ်းဆီးမှုတွေလည်း ရှိ နေတော့ အသွားအလာ အထူးသထိထားဖို့ လိုတယ်။ လက်ရှိကတော့ သေနတ်သံတွေတော့ တိတ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဧပြီလ ၂၂ ရက်နေ့ကလည်း ခလယ်-တံခွန်တိုင်ရဲစခန်းအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ဒေသတွင်း တော်လှန် ရေးပူပေါင်းအဖွဲ့တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...