ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၂ ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၁၃ ဦးသေဆုံးခဲ့တယ်လို့ PDF-Kalay က ထုတ်ပြန်ပါတယ်။

ကလေးမြို့ကနေ ကလေး-ဂန့်ဂေါလမ်းဘက်ကို ဧပြီလ ၂၄ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကား ၆ စီးအပါအဝင် အင်အား ၁၅၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စည်သာနဲ့နတ်မြောင်း ကျေးရွာကြားမှာ PDF-Kalay တပ်ဖွဲ့က အဆင်သင့်တပ်ဆင်ထားတဲ့မိုင်းတွေနဲ့ အဆင့်ဆင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၅ ဦးကျဆုံးပြီး စစ်ကားတစ်စီး မိုင်းထိမှန်ပျက်စီးသွားတယ်လို့ PDF-Kalay က ပြောပါတယ်။

PDF-Kalay ပြန်ကြားရေးတာဝန်ခံ ကိုဗစ်တာ က “၂၂၊ ၂၃ လောက်ကတည်းက ရေရှင်မှာဖြစ်တာ။ ကျောက်ပြုတ်၊ အင်းကျွန်းဘက်ကနေပြီးတော့ ရေရှင်ရွာဘက်ကို စစ်ကြောင်းထိုးလာတာ။ ကြံသာဘက်ကနေလည်း ထိုးလာတယ်။ အဲလိုဖြန့်ပြီးတော့ စစ်ကြောင်းထိုးလာတာ။ အဲဒါကို ခုခံဖြတ်တောက်ပြီးမှ တိုက်ပွဲဖြစ်တာ။ နတ်ချောင်း၊ နတ်မြောင်း၊ စည်သာ၊  ချောင်းခွတို့ပတ်ဝန်းကျင်မှာဖြစ်တဲ့ဟာကတော့ ကလေးမြို့ဘက်ကနေပြီးမှ တောင်ပိုင်းဘက်ကို ယာဉ်တန်းသွားတာကို ဖြတ်တောက်တိုက်ခိုက်တာ။’’

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီလ ၂၄ ရက်နေ့က နတ်ချောင်းကျေးရွာမှာ ညအိပ်ခဲ့ကြပြီး ဧပြီလ ၂၅ ရက်နေ့မှာ နတ်ချောင်းကျေးရွာကနေ တောင်ပိုင်းဘက်ကို ဆက်လက်ချီတက်လာရာမှာ PDF-kalay ၊ CNDF ၊ RKDF နဲ့ ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦး ထပ်မံ ေသဆုံးခဲ့တယ်လို့ သိရပါတယ်။

နှစ်ရက်တာတိုက်ပွဲအတွင်းမှာ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ပ.က.ဖ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုတွေကြောင့် အထိအခိုက်များနေပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ချောင်းခွနဲ့အောင်ချမ်းသာကျေးရွာကြားမှာ နေရာယူထားကာ နတ်ချောင်းနဲ့ချောင်းခွကျေးရွာက လူနေအိမ်တွေကိုလည်း မီးရှိုခဲ့ကြတယ်လို့ နတ်ချောင်းရွာဒေသခံတစ်ဦးက ပြောပါတယ်။

" ၂၅၊ ၂၆ ကပေါ့ ၂၅ မှာဝင်တယ် ၂၆ မှာထွက်သွားတယ် ချောင်းခွက ၃၄ အိမ်လို့ပြောတယ် နတ်ချောင်းကတော့ ၆ အိမ်လောက်ပါ သွွားတယ် နတ်ချောင်းနဲ့ချောင်းခွက နှစ်ခုကဆက်နေတာကိုး ၂ ခုပေါင်းဆိုရင် ၄၀ ကျော်ပေါ့''

ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကလည်း ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အရှေ့ဘက်ခြမ်း ရေရှင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးစစ်ကြောင်းထိုးလာစဉ် PDF-Kalay, CDF-KKG, RKDF, ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိအဆင့် ၃ ဦးအပါအဝင် အယောက် ၂၀ လောက်ကျဆုံးခဲ့ပြီး PDF-Kalay တပ်ဖွဲ့က ရဲဘော်တစ်ဦးကျဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ PDF-Kalay က ထုတ်ပြန်ထားပါတယ်။

April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...
April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...