မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် Denko ဆီဆိုင် ပိုင်ရှင် ဦးချစ်ခိုင် ဖမ်းဆီးထိန်းသိမ်းခံထားရ

မြန်မာနိုင်ငံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် Denko ဆီဆိုင် ပိုင်ရှင် ဦးချစ်ခိုင် ဖမ်းဆီးထိန်းသိမ်းခံထားရ

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်လည်းဖြစ် လောင်စာဆီဆိုင် Denko ပိုင်ရှင်ဖြစ်သူ ဦးချစ်ခိုင် ကို စစ်ကောင်စီက  ဖမ်းဆီးထိန်းသိမ်းထားကြောင်း စုံစမ်းသိရှိရပါတယ်။

ဧပြီ (၂၅) ရက်က ပြည်ပခရီးစဉ်အပြန် ရန်ကုန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖမ်းဆီးခံရသည့် အကြောင်းရင်းကို မသိရှိရသေးပေ။

ဦးချစ်ခိုင် ဟာဆောက်လုပ်ရေး၊ ဟိုတယ် နှင့် ခရီးသွား၊ စွမ်းအင်စတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ မြန်မာပြည်ရဲ့ အကြီးဆုံး လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Eden Group of Companies ဥက္ကဌဖြစ်သလို Myanmar Apex နဲ့ လောင်စာဆီဆိုင် Denko ရဲ့ ပိုင်ရှင် တစ်ဦးလည်းဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ် (၂၁) ရက်နေ့ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာပြတိုက်ပိုင်ရှင် ဦးခင်ရွှေ နဲ့ သားဖြစ်သူ ဦးဇေသီဟ တို့ကို ၂၀၁၅ ခုနှစ် ရှေးဟောင်းအဆောက်အအုံးများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ -၁၄ နဲ့ အမှုဖွင့်ပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။

June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...
June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...
June 10, 2026
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်)...
June 9, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့်...