မိုင်းရှူးမြို့နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် "အချိန်ပိုကြေး"ကောက်ခံနေ

မိုင်းရှူးမြို့နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် "အချိန်ပိုကြေး"ကောက်ခံနေ

စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင် ကျောင်းသား/သူ များကို “အချိန်ပို” ဟုခေါ်ဆိုကာ တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း စုံစမ်းသိရပါသည်။

ယခု ၂၀၂၆ - ၂၇ ပညာသင်နှစ် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် ဖာယကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျောင်းသား/သူ များကို အချိန်ပို ဟုခေါ်ဆိုကာ စာသင်ပေးပြီး တစ်ဦးလျှင် ငွေကျပ် ၁ သောင်းခွဲပေးဆောင်ရကြောင်း ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်နှစ်တွေက အချိန်ပိုမရှိဘူး။ ရှိရင်လည်း ပိုက်ဆံမတောင်းပါဘူး။ ကျောင်းအုပ်က မိဘတွေကို အစည်းဝေးခေါ်ပြီး အချိန်ပိုကြေးတောင်းတဲ့ ကိစ္စပြောတယ်။ တစ်ယောက်ကို ၂ သောင်းလို့အရင်ပြောတယ်။ အဲ့ဒါကို ကျောင်းသားမိဘတွေက အဆင်မပြေဘူးပြောရင် ၁ သောင်းခွဲဖြစ်သွားတာ။”ဟု ၎င်းကပြောသည်။

အဆိုပါ ကျောင်းဆရာ/ ဆရာမများသည် ယခုကဲ့သို့ အချိန်ပိုသင်ကြားပေးပြီး ငွေတောင်း နေခြင်းကြောင့် ကျောင်းသားမိဘများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်းကထပ်ရှင်းကပြောသည်။

“ကလေးတွေရဲ့ ကျောင်းမုန့်ဖိုးရယ်။ လတိုင်းပေးနေရသည့် စစ်မှုထမ်းကြေးတွေ ပြီးတော့ ကလေးတွေအတွက် အချိန်ပိုကြေး ဒီလိုတောင်းနေတော့ ကျမတို့အတွက် အဆင်မပြေဘူး။ ကလေးနှစ်ယောက်ရှိရင် ၃ သောင်းလောက်က ဖြစ်နေပြီလေ။ရွာမှာဆိုတော့ ကျောင်းသားမိဘတွေ ကလည်း လယ်ယာတွေပဲလုပ်ကြတာလေ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ဇွန်လ ၁၀ ရက် မိုးနဲမြို့နယ် ကျောင်းပညာရေးမှူးက အချိန်ပိုသင်ကြားလျှင် ကလေးမိဘများထံ ငွေကြေးမတောင်းရဟု ဆရာ၊ဆရာများကို ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းကြောင်း မိုးနဲမြို့နယ် ကျောင်းဆရာမတစ်ဦး ဆက်ပြောသည်။

“မနေ့ကပဲ အချိန်ပိုမသင်ရတဲ့ ကျောင်းပညာရေးမှူးတွေပြောလာတာရှိတယ်။ဆရာ၊ဆရာမတွေ လက်မှတ်ထိုးရတာ။ သင်ပေးချင်ရင်လည်း ပိုက်ဆံမတောင်းရတဲ့အကြောင်း ပညာရေးမှူးက ပြောလာတယ်။”ဟု မိုးနဲမြို့နယ်ကျောင်းဆရာမတစ်ဦးက ပြောသည်။

ယခုပညာသင်နှစ် ၂၀၂၆ - ၂၇ ခုနှစ်တွင် မိုင်းရှူးမြို့နယ် နားစံကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း ၁၃၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...