ရခိုင်ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို ALP အကောင်အထည်ဖော်မည်

ရခိုင်ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကို ALP အကောင်အထည်ဖော်မည်
by -
မဇ္ဈိမ
အကောင်အထည်ဖော်မှုအားနည်းနေသေးသည့် ရခိုင်ပြည်သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများကိုအကောင်အထည်ဖော်ရန် ကြိုးစားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALP) ပါတီမှ ပါတီဖြစ်မြောက်ရေးကော်မတီဝင် ဦးမျိုးကျော်က ပြောဆိုလိုက်သည်။

၂၀၁၄ ခုနှစ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ALP ပါတီတို့ပေါင်းစည်းခဲ့သော်လည်း အများပြည်သူမျှော်လင့်သကဲ့သို့ စည်းလုံးညီညွှတ် သော အင်အားစုတစ်ရပ်   ဖြစ်မလာခဲ့ဘဲ   ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီမှာ ရခိုင်ပြည်သူ တို့ ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြသာနာများကို ဖြေရှင်းပေးနိုင်သည့်အခြေအနေသို့ရောက်မလာခဲ့ဟု ဇူလိုင် ၂၅ ရက်စွဲဖြင့် ALP ပါတီမှ ထုတ်ပြန်သည်။

“ နှစ်ပါတီပေါင်းထားတဲ့အတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မူတွေလဲ အဲ့ဒီမှာ ပါတာပဲ။ ဒါကြောင့် မူအရတော့ ရှိနေတယ်ဗျာ ဒါပေမယ့် လက်တွေ့လုပ်ဆောင်မှုတွေက အဲ့ဒီဟာတွေက အကောင်အထည်မပေါ်လာဘူးလေ။ လုပ်ဆောင်မှုအပိုင်းမှာ လိုနေတာ။ ဒါကြောင့် အဲ့ဒီ့ဟာကို ကျွန်တော်တို့ လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ကြိုးစားရမှာပေါ့ “ ဟု ဦးမျိုးကျော်က ဆိုသည်။

၂၀၁၆ ခုနှစ်နောက် ပိုင်းကာလ များတွင် ရခိုင်အမျိုးသားပါတီအတွင်း စည်းလုံးညီညွှတ်မှုကို ပြိုကွဲစေသော အခြေအနေတစ်ချို့ကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည် မှတ်ပုံတင်ရန် အခြေအနေတောင်းဆိုလာခဲ့ခြင်းဖြစ်သည်ဟု ALP ပါတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူးဦးထွန်းအောင်ကျော်က “ ရခိုင်အမျိုးသားပါတီသည် ပြည်သူတွေရဲ့လိုအပ်ချက်ကို အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်းပေးနိုင်တာ   မြင်နေရတဲ့အတွက် ဒီပုဂ္ဂိုလ်များရဲ့ စွပ်စွဲချက်သည် လုံးဝမှန်ကန်မှုမရှိဘူး။ ကျွန်တော်တို့က ကိုယ်ရည်မှန်း သလောက်မလုပ်နိုင်ဘူး။ ဒါပေမယ့် တစ်စိတ်တစ်ပိုင်းတော့ လုပ်နိုင်တယ်ဆိုတာ ခိုင်ခိုင်မာမာပြောနိုင်ပါတယ်ခင်ဗျ “ ဟု ပြောဆိုသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALP) ပါတီအနေဖြင့် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ယနေ့ (ဇူလိုင် ၂၅) ပါတီ၏ ရပ်တည်ချက်များနှင့် ပက်သက်ပြီးသတင်းစာရှင်းပွဲပြုလုပ်ပြီး အဆိုပါ ထုတ်ပြန်ချက်ကို   ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

ALP အနေဖြင့် ရခိုင်ပြည်နယ်၏ ဒေသတွင်းလုံခြံုရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နှင့် စစ်မှန်သောဖက်ဒရာယ်ပြည်ထောင်စုတည်ဆောင်ရေးတို့ကို ဦးစားပေးလုပ်ဆောင်သွားမည်ဟု လည်းထုတ်ပြန်ချက် တွင်  ဖော်ပြထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...