အထိနာနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နတ်ချောင်းကျေးရွာနှင့်ချောင်းခွကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF(kalay)ထုတ်ပြန်

အထိနာနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နတ်ချောင်းကျေးရွာနှင့်ချောင်းခွကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF(kalay)ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တောင်ပိုင်းတွင် ဧပြီလ(၂၄)ရက်နှင့်(၂၅)ရက် အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြားဖြစ်ပွားသည့် (၂)ရက်တာတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၃)ဦးသေဆုံးခဲ့ပြီး အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေး-ဂန့်ဂေါ လမ်းမကြီးပေါ်ရှိ နတ်ချောင်းကျေးရွာနှင့်ချောင်းခွကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြကြောင်းPDF(kalay)က သတင်းထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် ဧပြီလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ်တောင်ပိုင်းဘက်သို့ ကား(၆)စီး အင်အား ၁၆၀ ခန့်ဖြင့်ခြေလျင်စစ်ကြောင်းနှင့််နောက်ချန်ယာဉ်တန်းများခွဲ၍ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁၂နာရီမှစ၍ စည်သာရွာနှင့်နတ်မြောင်းရွာအကြားတွင် အသင့်တပ်ဆင်ထားသော မိုင်းများဖြင့်အဆင့်ဆင့်ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးပြီး ကား(၁)စီးမှာလမ်းဘေးချောက်တွင်ထိုးဆင်းသွားကြောင်း ၊ ယနေ့ နံနက်ပိုင်းတွင် နတ်ချောင်းရွာမှတဆင့်တောင်ပိုင်းသို့ ဆက်လက်ထွက်ခွာလာစဉ် PDF(kalay)| CNDF| RKDF|နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၈)ဦးသေဆုံးပြီး ပ.က.ဖ ရဲဘော်တစ်ဦးသေဆုံးပြီး(၂)ဦးဒဏ်ရာရရှိကြောင်း ပါရှိသည်။

ထို့အပြင် နတ်ချောင်းရွာနှင့်ချောင်းခွရွာဘက်မှ အောင်ချမ်းသာရွာဘက်သို့ ဖော်ကထွက်၍ မောင်းနှင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကား (၁)စီးနှင့်ဆိုင်ကယ် ၁၅စီးခန့်ကို ပန်းမွန်ချောင်းတံတား အနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားသေဆုံးနိုင်ကြောင်း၊ နတ်ချောင်းရွာနှင့်ချောင်းခွရွာဘက်မှဆက်လက် ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ချောင်းခွရွာနှင့်အောင်ချမ်းသာရွာအကြားတွင် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ရာစစ်ကားကြီးတစ်စီး မြောက်တက်လဲကျပျက်စီးသွားပြီး အများအပြားသေဆုံးနိုင်ကြောင်း၊ အထိနာနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းခွရွာနှင့်နတ်ချောင်းရွာအား ယမန်နေ့ညနေတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင်လည်း လုံခြုံရေးတင်းကြပ်ထားပြီး ဖုန်း၊ဆိုင်ကယ်များကိုစစ်ဆေးခဲ့ကြောင်းသိရပြီး ယနေ့ဧပြီလ ၂၅ ရက် နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် လက်နက်ကြီးပစ်ခတ်သံများကျယ်လောင်စွာကြားသိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...