ရေးမြို့နယ်အတွင်း စစ်ဆေးရေး ဂိတ်တစ်ခု အတိုက်ခံရ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

ရေးမြို့နယ်အတွင်း စစ်ဆေးရေး ဂိတ်တစ်ခု အတိုက်ခံရ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး တံတားကြီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားသည်ဟု သိရသည်။

ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်ခန့်က ရွာသစ်ကျေးရွာ တံတားကြီးရှိ စစ်ကောင်စီဂိတ်ကို မွန် ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

”တံတားကြီးဂိတ် တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်မှာ ကင်းစောင့်နေတဲ့ တပ်သား  ၂ ဦး သေသွားတယ်လို့တော့ သိရ တယ်။ အဲဂိတ်မှာ နဂိုကတည်းက စစ်ဆေးနေတာ အခု တိုက်ခိုက်ခံထားရတော့ သွားတာလာတာ သတိထား ရမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီဂိတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး နှစ်ပွင့် အရာရှိ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO က ထုတ်ပြန်ထားသည်။

ရွာသစ်ကျေးရွာအနီး တံတားကြီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများကို နှောင့်ယှက် နေ သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO သည် ရေးမြိုနယ်အတွင်းက စစ်ကောင်စီ ဂိတ်စခန်းများ ကို မကြာခဏတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိပြီး MyTel ဖုန်းတာဝါတိုင်များ၊ စစ်ကောင်စီယာဥ်တန်းများ ကို လည်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျှက် ရှိသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...