မောင်တောမြို့နယ် UNHCR ရုံးဝင်းအတွင်း မီးလောင်မှုဖြစ်ပွား

မောင်တောမြို့နယ် UNHCR ရုံးဝင်းအတွင်း မီးလောင်မှုဖြစ်ပွား
Photo — မောင်တောခရိုင် (ပြန်/ဆက်)
Photo — မောင်တောခရိုင် (ပြန်/ဆက်)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ (၄)မိုင်ရပ်ကွက်၊ ၃ မိုင်လမ်းဆုံအနီးရှိ ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ခြံဝင်းအတွင်း၌ ယနေ့ နံနက် ၁၀ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဥ်မှာ မောင်တောမြို့ (၃)မိုင် ၊ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ၊ ဌာနေ ကိုယ်စားလှယ်၏ ကွင်းဆင်းလုပ်ငန်းဆိုင်ရာ ရုံးဝန်းအတွင်း၌ သန့်ရှင်းရေး ဝန်ထမ်းက သစ်ရွက်ခြောက်များအား စုံ၍ မီးရှို့ရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မောင်တောမြို့နယ် မီးသတ်ဦးစီးဌာနမှာ ဦးစီးမှူး ဦးထွန်းရွှေခိုင်က ပြောသည်။

၎င်းမီးသည် ၎င်းရုံးအတွင်းရှိ  ဧည့်ရိပ်သာနှင့် ဂိုဒေါင်ကြား၌ ထားရှိသည့် (ပလက်စတစ်ခုံ) များအား ကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။  

" သန့်ရှင်းရေးဝန်ထမ်းက ဝါးပင်က အရွက်ခြောက်တွေကို မီးရှို့ပြီး မေ့ပီးထားခဲ့တာထင်တယ်။ အဲကနေ ဘေးအနား ပလက်စတစ် ခုံတွေကို ကူးပြီး မီးလောင်သွားတာ။ ကျနော်တို့က မနက် ၁၀ နာရီ ၃၀ ကျော်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်" ဟု နိရဉ္စရာကို ပြောသည်။

ယင်းကဲ့သို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် (ပလက်စတစ်ပစ္စည်းတင်ခုံ) (၁၀) ခုကျော်ခန့် မီးလောင်ဆုံးရှုံးခဲ့ရာပြီး ကာလတန်ဖိုးအားဖြင့် ကျပ်တစ်သိန်းကျော်ခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ (UNHCR) ရုံးမှ  သန့်ရှင်းရေးဝန်ထမ်းအား မောင်တောမြို့မ ရဲစခန်းတွင် အရေးယူစီစဉ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦစီးဌာနမှ သိရသည်။

Most read this week

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...